အီရန်နိုင်ငံ တီဟီရန်မြို့တွင် အမေရိကန်နှင့်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော Sharif University of Technology ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ တီဟီရန်မြို့တွင် အမေရိကန်နှင့်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော Sharif University of Technology ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ရိုက်တာသတင်းဌာနနှင့် Ipsos တို့ ပူးတွဲလုပ်ဆောင်သော အမေရိကန်အွန်လိုင်းစစ်တမ်းတစ်ခု၌ စစ်တမ်းဖြေဆိုသူထက်ဝက်က လာမည့်နှစ်အတွင်း အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်မှုကို ဖျက်ဆီးလိမ့်မည်ဟု ယူဆကြပြီး ၁၇ ရာခိုင်နှုန်းကသာ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် အဆိုပါဒေသကို ပိုမိုတည်ငြိမ်စေမည်ဟု ယူဆကြကြောင်း  ရိုက်တာသတင်းဌာန၏ ဩဂုတ် ၆ ရက် ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အမေရိကန်-အီရန် စစ်ပွဲနှင့်ပတ်သက်၍ ရီပက်ဘလစ်ကန်ထောက်ခံသူများ သဘောထားကွဲလွဲမှုများရှိကြသည်။ အမေရိကန်သမ္မတ ထရမ့်၏ အီရန်အရေး ကိုင်တွယ်ပုံကို စစ်တမ်းဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ထောက်ခံသော်လည်း အမေရိကန်စစ်ရေးလုပ်ဆောင်မှုကြောင့် လာမည့်တစ်နှစ်အတွင်း အရှေ့အလယ်ပိုင်းအခြေအနေ တည်ငြိမ်လာလိမ့်မည်ဟု ယူဆသူ ၄၁ ရာခိုင်နှုန်းသာရှိသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံဈေးနှုန်းများ တစ်ဆင့်တိုးမြင့်တက်မည်ဟု စစ်တမ်းဖြေဆိုသူ ၅၈ ရာခိုင်နှုန်းက ခန့်မှန်းခဲ့ပြီး စစ်တမ်းဖြေဆိုသူ ၁၅ ရာခိုင်နှုန်းကသာလျှင် အခြေအနေ ကောင်းမွန်တိုးတက်လာမည်ဟု ခန့်မှန်းခဲ့သည်။

အဆိုပါ အမေရိကန်အွန်လိုင်းစစ်တမ်းကောက်ယူမှုမှာ ခြောက်ရက်ကြာမြင့်ကာ ဩဂုတ် ၃ ရက်တွင် ပြီးဆုံးခဲ့ပြီး အမေရိကန်နိုင်ငံတစ်ဝန်း လူဦးရေ ၄၅၀၀ ခန့်ထံမှ တုံ့ပြန်မှုများကို စုဆောင်းခဲ့သည်။ (Xinhua)

..............................

(Chinese Version)

民调:半数美国人认为美军行动将破坏中东稳定

新华社伦敦8月7日电(记者于艾岑)据路透社6日报道,一项由路透社和益普索集团联合开展的美国网络民调显示,半数受访者认为未来一年美国对伊朗的军事行动将破坏中东地区稳定,仅17%的受访者认为美国军事行动将使该地区更加稳定。  

此外,共和党支持者对于美伊战事的看法存在分歧。虽然有66%的受访者支持美国总统特朗普对伊朗问题的处理方式,但只有41%认为中东地区局势会在未来一年内因美国的军事行动而趋于稳定。  

由于霍尔木兹海峡遭封锁,约58%的受访者预计汽油价格将进一步上涨,仅有15%的受访者预计情况会有所改善。  

这项美国网络民调历时6天,至8月3日截止,收集了全美约4500人的反馈。(完)

图说:这是4月7日在德黑兰拍摄的遭美国和以色列空袭后的伊朗谢里夫理工大学。新华社记者 沙达提 摄