
နွန်သာဘူရီပြည်နယ်၊ ထိုင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ထိုင်းမီဒီယာများ၏ သြဂုတ် ၇ ရက် သတင်းဖော်ပြချက်အရ ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းတွင် ထိုနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား၊ ၎င်း၏ အဘိုးနှင့် အဘွား အပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော သေနတ် ထိန်းချုပ်ရေး အစီအမံများကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင်က သြဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် နွန်သာဘူရီပြည်နယ် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျောင်းဝင်းသို့ ရောက်ရှိလာစဉ် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)
.......................................
(Chinese Version)
泰国校园枪击案造成8人死亡
新华社照片,暖武里府(泰国),2026年8月7日
据泰国媒体8月7日报道,泰国暖武里府一所中学当天上午发生校园枪击案,已造成包括枪手及其祖父母在内共8人死亡。泰国总理阿努廷7日下午抵达暖武里府校园枪击案事发学校时对媒体说,政府将推进更严格枪支管控措施。
图说1:8月7日,应急人员聚集在泰国暖武里府德普西林中学。新华社记者 孙玮彤 摄
图说2:8月7日,泰国总理阿努廷(中)在暖武里府德普西林中学举行新闻发布会。新华社记者 孙玮彤 摄








