အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က ကနေဒါအသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် မော်ရိုကိုအသင်းမှ ဘရာဟင် ဒီယက်ဇ် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က ကနေဒါအသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် မော်ရိုကိုအသင်းမှ ဘရာဟင် ဒီယက်ဇ် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်အသင်း၏ မော်ရိုကိုလက်ရွေးစင် တိုက်စစ်ကစားသမား ဘရာဟင် ဒီယက်ဇ်က နည်းပြ ဟိုဆေး မော်ရင်ဟိုလက်အောက်တွင် ကစားရမည့်အပေါ် ၎င်း၏ ထင်မြင်ချက်များကို ဩဂုတ် ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် ယခုနွေရာသီ အစောပိုင်းတွင် မော်ရင်ဟိုအနေဖြင့် အသင်းထံ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နည်းစနစ်ပိုင်း ကျွမ်းကျင်သည့် အဆိုပါ ပေါ်တူဂီနိုင်ငံသားနည်းပြမှာ ကစားသမားများထံမှ တောင်းဆိုမှုများပြားသူအဖြစ် လူသိများသော်လည်း ယခုအချိန်ထိ ၎င်းနှင့်အတူ အလုပ်လုပ်ရသည်ကို ကျေနပ်အားရကြောင်း ဘရာဟင်က ဖွင့်ဟပြောဆိုခဲ့သည်။

"သူရော သူ့ရဲ့နည်းပြအဖွဲ့ကပါ အကောင်းဆုံးပြင်ဆင်တတ်တော့ တော်တော်လေး အဆင်ပြေပါတယ်" ဟု Real Madrid TV နှင့် အင်တာဗျူးအစီအစဉ်တစ်ခု၌ ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မော်ရင်ဟိုအကြောင်းကို သိထားပြီးပါပြီ။ သူက အောင်မြင်မှုမှန်သမျှကို ရယူထားသူမို့လို့ ကျွန်တော်တို့ သူနဲ့အတူ အောင်ပွဲတွေကို ဆက်လက်ရယူချင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ကစားသမားများအနေဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားရန်၊ တစ်ဦးချင်းအရည်အသွေးကို ပြသရန်၊ အပြောင်းအလဲများကို ဖန်တီးရန် နည်းပြမော်ရင်ဟိုက မျှော်လင့်ထားကြောင်း၊ သို့သော် အလုပ်ကြိုးစားမှုက အရေးအကြီးဆုံးဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ထို့ပြင် လေ့ကျင့်ရေးအစီအစဉ်များမှာ ကြိုးစားအားထုတ်မှု များစွာလိုအပ်ပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ရသည့်အတွက် အလွန်ကြံ့ခိုင်မှုကောင်းမွန်ရန် လိုအပ်လျက်ရှိရာ ရာသီသစ်အတွက် ပြင်ဆင်ရာတွင် များစွာအထောက်အကူပြုကြောင်း ဘရာဟင်က မှတ်ချက်ပြုခဲ့သည်။

အသင်းထံ ဘာနာဒို ဆေးလ်ဗား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသလို လိုက်ပ်ဇစ်အသင်းမှ ယန် ဒီယိုမန်ဒီလည်း ထပ်မံရောက်ရှိလာဖွယ်ရှိသဖြင့် ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုများ အရှိန်မြင့်တက်လာဖွယ်ရှိသည်။ သို့သော် ဘရာဟင်က ၎င်းအနေဖြင့် စိုးရိမ်ခြင်းမရှိသလို အလွန်ပျော်ရွှင်လျက်ရှိပြီး ကွင်းထဲတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆက်လက်ကစားရန် အလွန်စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ရင်း အရာအားလုံးဆီကနေ အပြုသဘောအားအင်တွေကို ရယူရမှာပါ" ဟု ၎င်းက အဆုံးသတ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

.........................................................................................

(English Version)

Real Madrid's Brahim happy to work with Mourinho

MADRID, Aug. 5 (Xinhua) -- Real Madrid's Moroccan international forward Brahim Diaz shared his thoughts on Wednesday about what it is like to work under coach Jose Mourinho.

Mourinho returned to the club for his second spell in charge at the start of the summer, following a trophyless season for Real Madrid.

The Portuguese tactician is known for being a demanding taskmaster, but Brahim has expressed satisfaction with the work carried out so far.

"It's going very well because both he and his staff are very well-prepared," he said in an interview with Real Madrid TV.

"We already know what Mourinho is, everything he has won, and we want to keep winning with him," said the forward.

He went on to explain that Mourinho expects his players to be intense, to showcase individual quality, and to make the difference, but "ultimately, hard work is what matters most."

Brahim also noted that the training sessions have been "very physical, with a lot of effort and intensity," which are "helping us a lot to prepare for the season."

With Bernardo Silva arriving on a free transfer and the potential addition of Yan Diomande from RB Leipzig, competition for a starting spot is expected to intensify. However, Brahim remained unfazed, insisting he is "very happy and very eager to keep enjoying myself on the pitch."

"We have to keep moving forward, enjoying, and taking the positives from everything," he concluded.

English Caption 1

Brahim Diaz of Morocco celebrates during the round of 16 match between Canada and Morocco at the 2026 FIFA World Cup at Houston Stadium in Houston, the United States, July 4, 2026. (Xinhua/Xiao Yijiu)

English Caption 2

Kylian Mbappe (L) and Brahim Diaz of Real Madrid celebrate a goal during the La Liga football match between Real Madrid and Villarreal CF at the Santiago Bernabeu Stadium, Madrid, Spain, on Oct. 4, 2025. (Photo by Gustavo Valiente/Xinhua)