
တီဟီရန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က အီရန်နှင့် အိုမန်နိုင်ငံအကြား ကုန်သွယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်သည် နောက်ဆုံးအတည်ပြုမှုရရှိတော့မည်ဖြစ်ပြီး ထိုအခါ အီရန်ဘက်ခြမ်းတွင် စီမံထိန်းချုပ်ထားသော မြောက်ပိုင်းရေကြောင်းလမ်းနှင့် အိုမန်ဘက်ခြမ်းနှင့်နီးသော တောင်ပိုင်းရေကြောင်းလမ်းနှစ်ခုလုံးကို ပိတ်ပစ်မည်ဖြစ်ကြောင်း ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ ဩဂုတ် ၅ ရက် သတင်းဖော်ပြချက်အရ မေးမြန်းမှုအား လက်ခံဖြေကြားရာတွင် Kazem Gharibabadi က ဟော်မုဇ်ရေလက်ကြားတွင် လွန်ခဲ့သော နှစ် ၆၀ နှင့်မတူသော ဖြတ်သန်းသွားလာမှုပုံစံသစ်တစ်မျိုးကို ထူထောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အိုမန် ပင်လယ်ပိုင်နက်ကို ဖြတ်သန်းသွားသော တောင်ပိုင်း ရေကြောင်းလမ်းနှင့် အီရန် ပင်လယ်ပိုင်နက်အတွင်းရှိ မြောက်ပိုင်းရေကြောင်းလမ်း နှစ်ခုလုံးကို ပိတ်ပစ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ရေကြောင်းလမ်းအသစ်အရ ဟော်မုဇ်ရေလက်ကြား အတွင်းသို့ ဝင်ရောက်သော၊ ရေလက်ကြားမှ ထွက်ခွာသော ကုန်သွယ်ရေးသင်္ဘောများ၏ သင်္ဘောခရီးစဉ်အချို့သည် အီရန်နိုင်ငံ ပင်လယ်ပိုင်နက်ရေပြင်ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း၊ သို့သော် ရေလမ်းကြောင်းအသစ်သည်လည်း အလားတူပင် ယာယီရေကြောင်းလမ်း ဖြစ်ပြီး နှစ်လမှ လေးလကြာ အသုံးပြုမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
Kazem Gharibabadi က အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းလျက်ရှိသည်ဟူသော သက်ဆိုင်ရာပြောကြားချက်များကို ငြင်းဆိုခဲ့သော်လည်း အမေရိကန်ဘက် သတင်းအချက်အလက်များ အီရန်က ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယင်းမတိုင်မီ လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအတွင်း ကတိကဝတ်များကို အမေရိကန်ဘက်က ပြန်လည်လိုက်နာရန် ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
...................................
(Chinese Version)
伊朗称与阿曼接近达成协议 海峡现有两条航道将关闭
新华社德黑兰8月5日电(记者陈霄 沙达提)伊朗副外长加里巴巴迪5日表示,伊朗和阿曼关于商业船舶通行霍尔木兹海峡的协议已接近最终敲定,届时伊朗一侧管控的北部航道和靠近阿曼一侧的南部航道均将关闭。
据伊朗伊斯兰共和国通讯社5日报道,加里巴巴迪在接受采访时说,将在霍尔木兹海峡建立一种不同于过去60年的新通行模式。目前经阿曼领海的南部航道和位于伊朗领海内的北部航道均将关闭。根据新设定的航道,商业船舶进入霍尔木兹海峡以及驶离海峡的部分航程经过伊朗领海。但新航道同样为临时航道,预计可使用2至4个月。
加里巴巴迪否认有关伊美正在谈判的说法,但表示伊朗收到美方信息,并称美方表示准备恢复履行此前签署的谅解备忘录中的承诺。(完)
图说:这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发








