အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရိုက်ကူးသော ရေနံချက်စက်ရုံတစ်ရုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရိုက်ကူးသော ရေနံချက်စက်ရုံတစ်ရုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန်အကြား ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သည့် သဘောတူညီချက် အမြန်ဆုံး ရရှိတော့မည်ဟူသော အပြုသဘောခန့်မှန်းချက်များ၏ တွန်းအားကြောင့် ကမ္ဘာ့ရေနံစိမ်းအနာဂတ်ဈေးသည် ဩဂုတ် ၄ ရက် နံနက်ပိုင်း အရောင်းအဝယ်တွင် လျင်မြန်စွာ ကျဆင်းခဲ့ရာ အရောင်းအဝယ်ကာလအတွင်း ဈေးနှုန်းလျော့နည်းသည့်အနေအထားရှိပြီး ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ၅ ရာခိုင်နှုန်းကျော် သိသိသာသာ ကျဆင်းခဲ့သည်။

ထိုနေ့ ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၄.၅၇ ဒေါ်လာ ကျဆင်းပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၅.၇၇ ဒေါ်လာဖြင့် ဈေးကွက်ပိတ်သိမ်းလိုက်ရာ ၅.၆၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အောက်တိုဘာလအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၄.၄၁ ဒေါ်လာ ကျဆင်းပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၉.၃၆ ဒေါ်လာဖြင့် ဈေးကွက်ပိတ်သိမ်းလိုက်ရာ ၅.၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Bessent က ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သော သဘောတူညီချက်သည် ဩဂုတ် ၄ ရက် သို့မဟုတ် ၅ ရက်တွင် ရရှိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ ဩဂုတ် ၄ ရက် သတင်းများအရ သိရသည်။ Bessent က “အခုလက်ရှိ အချိန်မှာပဲ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာလာကြတဲ့ သင်္ဘောအများအပြားကို တွေ့မြင်နိုင်တယ်” ဟု ဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဂါအီ က ဩဂုတ် ၄ ရက်နေ့တွင် အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးညှိနှိုင်းမှုသည် နည်းပညာနှင့် နိုင်ငံရေးအလွှာများတွင် “အပြုသဘောဆောင်သော တိုးတက်မှုများ” ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် TD Securities မှ မဟာဗျူဟာပညာရှင် Ryan McKay က ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် သုတေသန အစီရင်ခံစာတစ်ခု၌ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ခြင်း မရှိသည့်အခြေအနေမျိုးတွင် အီရန်နိုင်ငံအနေဖြင့် မည်သည့် သဘောတူညီချက်ကိုမျှ ရရှိနိုင်ဖွယ် မရှိကြောင်း၊ လက်ရှိတွင် ရေနံသယ်ယူပို့ဆောင်မှုပမာဏသည် ထုတ်လုပ်မှုပမာဏနှင့် ကိုက်ညီနေပြီဖြစ်ရာ အဆိုပါ သဘောတူညီချက် ရရှိခဲ့စေကာမူ ရေနံသယ်ယူပို့ဆောင်မှု တိုးလာနိုင်ခြေ အလားအလာမှာလည်း အလွန်နည်းပါးနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美伊谈判预期乐观 国际油价4日下跌超5%

新华社纽约8月4日电(记者刘亚南)受美国和伊朗或将很快达成涉霍尔木兹海峡协议乐观预期推动,国际原油期货价格4日早盘快速走低,盘中弱势盘整,收盘时国际油价显著下跌超5%。   

截至当天收盘,纽约商品交易所9月交货的轻质原油期货价格下跌4.57美元,收于每桶75.77美元,跌幅为5.69%;10月交货的伦敦布伦特原油期货价格下跌4.41美元,收于每桶79.36美元,跌幅为5.26%。   

据美国媒体4日报道,美国财政部长贝森特称,有关霍尔木兹海峡的协议可能在4日或5日达成。贝森特称:“就在当下,也能看到不少船只驶出霍尔木兹海峡。”   

伊朗外交部发言人巴加埃4日说,伊朗仍在与阿曼就霍尔木兹海峡进行谈判,谈判在技术和政治层面取得“积极进展”。   

不过,道明证券策略师瑞恩·麦凯4日在一份研究报告中表示,伊朗不太可能在没有控制霍尔木兹海峡的情况下达成任何协议。由于当前石油运输量已经与产量匹配,即便达成相关协议,石油运输增加的潜力也很小。(完)

1. 这是7月29日在美国新泽西州林登市拍摄的炼油厂。新华社记者张凤国摄