စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေရှိ စီယူတာမြို့သို့ ဝင်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေရှိ စီယူတာမြို့သို့ ဝင်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် သီတင်းပတ်တွင် မော်ရိုကိုနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇၂,၀၀၀ ခန့် စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေရှိ စီယူတာမြို့သို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး ယင်းအနက် ၇၀,၀၀၀ ခန့်မှာ မော်ရိုကိုနိုင်ငံသို့ ပြန်သွားကြပြီဖြစ်ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီး Fernando Grande-Marlaska က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

EU အဖွဲ့ဝင်နိုင်ငံများမှ ပြည်ထဲရေးဝန်ကြီးများသည် ထိုနေ့တွင် အရေးပေါ်ဗီဒီယိုအစည်းအဝေးတစ်ခု ကျင်းပ၍ လွန်ခဲ့သည့် သီတင်းပတ်က စီယူတာမြို့၌ ဖြစ်ပွားခဲ့သော ပမာဏကြီးမားလှသည့် ရွှေ့ပြောင်းနေထိုင်သူများ ပြည်ဝင်မှုဖြစ်ရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် Marlaska က စီယူတာမြို့သည် ရှင်ဂန်ဧရိယာအတွင်း အထူးစီစဉ်မှုများ လုပ်ဆောင်ထားသောကြောင့် စီယူတာမြို့မှ ထွက်ခွာ၍ စပိန်ပြည်မကြီးသို့ ဝင်ရောက်မည့် မည်သူမဆို တရားဝင်စာရွက်စာတမ်းများကို စစ်ဆေးရမည်ဖြစ်သဖြင့် ရှင်ဂန်ဧရိယာ၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဤဖြစ်ရပ်အပြီး စီယူတာမြို့မှ စပိန်ပြည်မကြီး သို့မဟုတ် ဥရောပသမဂ္ဂ၏ အခြားဒေသများသို့ မည်သူမျှ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ကလည်း ယင်းမတိုင်မီ ပြောကြားခဲ့သည်။

ယခုအကြိမ် အကြီးစား တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြစ်ရပ်ကြောင့် အနည်းဆုံး ၇၅ ဦး သေဆုံးခဲ့ကြောင်း စီယူတာမြို့ရှိ စပိန်ဗဟိုအစိုးရ ကိုယ်စားလှယ်ရုံးက ဩဂုတ် ၄ ရက်တွင် အတည်ပြုခဲ့သည်။ စပိန် အမျိုးသားအစောင့်တပ်ဖွဲ့များက ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေလျက်ရှိသည်။ စပိန်ဗဟိုအစိုးရက လက်ရှိတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂,၅၀၀ ခန့်သည် စီယူတာမြို့မှ မထွက်ခွာရသေးဟု ခန့်မှန်းထားသော်လည်း စီယူတာဒေသန္တရအစိုးရကမူ ဤကိန်းဂဏန်းမှာ ၃,၀၀၀ မှ ၅,၀၀၀ ကြားရှိနိုင်သည်ဟု ယူဆသည်။

စီယူတာမြို့သည် အာဖရိကတိုက် အနောက်မြောက်ပိုင်း၊ Gibraltar ရေလက်ကြားအနီးရှိ မြေထဲပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး မော်ရိုကိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မကြာသေးမီရက်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် မော်ရိုကိုဘက်မှ စီယူတာမြို့သို့ ဝင်ရောက်လာခဲ့ရာ မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံ၏ အပြင်းထန်ဆုံးသော နယ်စပ် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua)

.............................

(Chinese Version)

西班牙称约7万名非法入境休达的移民已返回摩洛哥

新华社马德里8月4日电(记者陈雨峥)西班牙内政大臣马拉斯卡4日说,上周共有约7.2万名移民从摩洛哥非法入境西班牙北非飞地休达,其中约7万人已经返回摩洛哥。  

欧盟成员国内政部长当天举行紧急视频会议,讨论休达上周发生的大规模移民入境事件。马拉斯卡在会后举行的新闻发布会上说,由于休达在申根体系内实行了特殊安排,任何人离开休达前往西班牙本土都须检查有效证件,所以申根区的安全并未受到威胁。欧盟委员会主席冯德莱恩此前也表示过,此次事件发生后,没有一人从休达进入西班牙本土或欧盟其他地区。  

西班牙中央政府驻休达代表处4日确认,此次大规模非法越境事件已造成至少75人死亡。西班牙国民警卫队仍在搜寻失踪人员。据西班牙中央政府估计,目前仍有约2500名非法入境移民未离开休达,而休达地方政府认为这一数字应在3000至5000人之间。

休达位于非洲西北部、直布罗陀海峡附近的地中海沿岸,与摩洛哥接壤。近日,大批非法移民从摩洛哥方向进入休达,引发近年来西班牙最严重的边境移民危机。(完)

图说:7月30日,非法移民进入西班牙北非飞地休达。新华社发(刘文勇摄)