
မက်ဒရစ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က ၎င်း၏အသင်းအနေဖြင့် ရာသီသစ်မစတင်မီ တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် လိုအပ်ဖွယ်ရှိကြောင်း ဩဂုတ် ၃ ရက်၌ ဝန်ခံပြောဆိုခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိတွင် အင်္ဂလန်၌ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်နေချိန် ဖလစ်ခ်က ဘောလုံးရာသီသစ်အတွက် ၎င်း၏အစီအစဉ်များကို မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ရောဘတ် လီဝန်ဒေါစကီးမှာ လွန်ခဲ့သည့် ရာသီကုန်၌ အသင်းမှထွက်ခွာသွားခဲ့သလို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သည့် ဖယ်ရန် တောရက်စ်မှာလည်း ပီအက်စ်ဂျီအသင်း၏ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
လီဝန်ဒေါစကီး၏ နေရာကို လူစားဖြည့်တင်းရခြင်း မရှိသေးချိန်တွင် အထူးသဖြင့် တောရက်စ်ပါ ထွက်ခွာသွားမည်ဆိုပါက ဘာစီလိုနာအသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်ထဲသို့ ဝင်ရောက်ရန် လိုအပ်ဖွယ်ရှိသည်ဟု ဖလစ်ခ်က ဝန်ခံခဲ့သည်။
"အသင်းအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ကျွန်တော် အားကစားဒါရိုက်တာ ဒေကိုကို အပြည့်အဝယုံကြည်မှုရှိပြီး ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်။ ဖယ်ရန်ရဲ့ အခြေအနေအပေါ်မှာလည်း မူတည်တာပေါ့ဗျာ။ ကျွန်တော်တို့ ဘာတွေလုပ်မလဲဆိုတာကို ကြည့်ကြတာပေါ့" ဟုလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။
တောရက်စ်နှင့် လီဝန်ဒေါစကီးတို့ မရှိသည့်တိုင်အောင် ၎င်း၏အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် ရွေးချယ်စရာ အများအပြားရှိနေသေးကြောင်း အဆိုပါ ဂျာမနီနိုင်ငံသားနည်းပြက ထောက်ပြခဲ့သည်။
"လာမင်း (ယမားလ်) က ကျွန်တော်တို့အသင်းမှာ တိုက်စစ်မှူးအဖြစ်နဲ့ ပွဲအနည်းငယ်ကစားဖူးပါတယ်။ သူက သိပ်ကောင်းတဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လို့ သူ အဲဒီနေရာမှာ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်တယ်လေ။ ကျွန်တော်တို့က သူ့ကို နံပါတ်-၇ နေရာမှာ ထားပြီးကစားဖို့ အဓိကရည်ရွယ်ပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့" ဟု ၎င်းက မှတ်ချက်ပြုခဲ့ကာ ယခုနွေရာသီတွင် ခေါ်ယူထားသည့် အန်သနီ ဂေါ်ဒန်နှင့် ကာရင်မ် အဒီယီမီတို့ကလည်း နံပါတ်-၉ နေရာသာမက တောင်ပံနှစ်ဖက်စလုံးတွင်ပါ ကစားနိုင်သည်ဟု ဆိုသည်။
"ကျွန်တော်တို့အသင်းမှာ ရွေးချယ်စရာတွေ အများကြီးရှိတာမို့ ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့" ဟု ဖလစ်ခ်က ပြောကြားခဲ့ကာ ဒဏ်ရာရရှိထားသည့် ဖရန်ကီ ဒီဂျောင်၏နေရာအတွက်မူ ကွင်းလယ်လူတစ်ဦး ထပ်မံခေါ်ယူဖွယ်မရှိဟု ဆိုသည်။
အသင်း၏ ကစားသမားအချို့မှာ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည့် စပိန်အသင်းတွင် ပါဝင်ကစားခဲ့ပြီးနောက် အနားယူချိန်ရနိုင်ပါမည်လောဟု မီဒီယာများက မေးမြန်းရာတွင် ဖလစ်ခ်က ထိုအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု ဖြေကြားခဲ့သည်။
"ချန်ပီယံတွေက ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ သူတို့က ချန်ပီယံဆုတွေကို ဘယ်လိုရယူမလဲဆိုတာ သိကြတယ်လေ။ အဲဒါက သိပ်အရေးကြီးပါတယ်။ နေ့တိုင်း အပြင်းအထန်ကြိုးစားပြီး အာရုံစိုက်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ထူးခြားကောင်းမွန်တဲ့ အရာတွေဖြစ်လာမှာပါ" ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)
............................................................................
(English Version)
Flick: Barcelona might have to sign another forward
MADRID, Aug. 3 (Xinhua) -- FC Barcelona coach Hansi Flick admitted on Monday that his side will probably need to sign a striker before the start of the new season.
Barcelona is currently holding its preseason training camp in England, where Flick spoke to the media about his plans for the new campaign.
Robert Lewandowski left the club at the end of last season, while Ferran Torres has reportedly emerged as a possible target for Paris Saint-Germain following his winning goal in the World Cup final.
Lewandowski has yet to be replaced, and Flick admitted that Barcelona may need to enter the transfer market, particularly if Torres also leaves.
"It depends on the team. We have to wait. I have complete confidence in (Sporting Director) Deco, and we know we have to do something. It also depends on Ferran. We'll see what we do," he commented.
The German pointed out that even without Torres and Lewandowski, his side still retains plenty of attacking options.
"Lamine (Yamal) has played a couple of games with us (as a striker). He's a fantastic, world-class player, and he can adapt to it. Our focus is on him playing as a '7', but we'll see what happens," he commented, adding that summer signings Anthony Gordon and Karim Adeyemi "can play as a number nine and on both wings."
"We have many options, and we'll see what happens," said Flick, who did not expect the club to sign a midfielder to cover for the injured Frenkie de Jong.
Flick was also asked whether some of his players might relax after forming part of Spain's World Cup-winning squad, but he dismissed those concerns.
"Champions never stop. They know how to win titles, and that's important. This title should give them more confidence. When you work hard and focus every day, it eventually becomes something special," he explained.
English Caption 1
FC Barcelona's new player Karim Adeyemi poses with a jersey bearing his name during his official presentation in Spotify Camp Nou, Barcelona, Spain, on July 23, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
FC Barcelona players celebrate winning the champion after the 35th round Spanish LaLiga football match between FC Barcelona and Real Madrid CF in Barcelona, Spain, May 10, 2026. Photo by Joan Gosa/Xinhua)








