
ဝါရှင်တန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အမေရိကန်နှင့် အီရန် တွေ့ဆုံဆွေးနွေးနေကြောင်း၊ ယင်းမှာ အီရန်က သဘောတူညီချက် လက်မှတ်ရေးထိုးရန် “နောက်ဆုံးအခွင့်အရေး” ဖြစ်ကြောင်း ဩဂုတ် ၃ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများကို ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန် တွေ့ဆုံဆွေးနွေးမှုသည် အီရန်၏ တောင်းဆိုချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာနှင့် အခြားနိုင်ငံများစွာ၏ ထောက်ခံမှုရရှိခဲ့ကြောင်း ထရမ့်က ဆိုခဲ့သည်။ အမေရိကန်စစ်တပ်က အီရန်အပေါ် အကြီးအကျယ်တိုက်ခိုက်မည့်အစီအစဉ်သည် တည်ရှိနေဆဲဖြစ်ကြောင်းလည်း ၎င်းက ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း “ခေါင်းဆောင်အကြီးအကဲအား ချေမှုန်းခြင်း” လှုပ်ရှားမှုမတိုင်မီ “ ကျွန်တော် သူတို့ကို နောက်ဆုံး အခွင့်အရေးတစ်ကြိမ် ပေးချင်ပါသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွေးနွေးညှိနှိုင်းသည့် တိုးတက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ထရမ့်က “ခင်ဗျားတို့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဆို သိရပါပြီ။ ရလဒ်က ဘာပဲဖြစ်ဖြစ် ကိစ္စရဲ့ တိုးတက်မှုက သိပ်ကို မြန်မှာပါ” ဟု ဆိုသည်။ ဆွေးနွေးညှိနှိုင်းမှု၏ ပထမအဆင့်မှာ ဟော်မုဇ်ရေလက်ကြားအား ဖွင့်လှစ်ခြင်းဖြစ်ပြီး “အမြန်ဆုံး မနက်ဖြန်ဆို လုံးဝဖွင့်လှစ်သွားမှာပါ” ၊ ဒုတိယအဆင့်သည် အီရန်၏ “နျူကလီးယားကင်းစင်ရေး” အရေးကိစ္စကို ဆွေးနွေးရန်ဖြစ်ပြီး ၎င်းသည် အချိန်အနည်းငယ်လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အီရန်ဘက်က အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ခြင်းအား ငြင်းဆိုသည်ဟူသော ပြောကြားချက်နှင့် စပ်လျဉ်း၍ ထရမ့်က ဩဂုတ် ၃ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ တုံ့ပြန်ငြင်းဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုသည် ပြန်လည်စတင်နေပြီဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့ကာ “သဘောတူညီချက် ရရင်ရ၊ မရရင် လုံးဝအညံ့ခံလိုက်ပါ” ဟု အီရန်ကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
特朗普称美伊正在对话 是伊朗的“最后机会”
新华社华盛顿8月3日电(记者黄强 熊茂伶)美国总统特朗普3日在白宫对媒体称,美国和伊朗正在进行对话,这是伊朗签署协议的“最后机会"。
特朗普声称,美伊对话是应伊朗要求进行的,并得到沙特阿拉伯、阿联酋、卡塔尔及其他许多国家的支持。他威胁称,美军对伊朗的大规模打击计划仍然存在,但在采取“斩首”行动之前,“我想给他们最后一次机会”。
在回答谈判进展的提问时,特朗普称,“你们今天或明天就会知道了。无论结果如何,事情都会进展很快”。他还称,谈判的第一阶段是开放霍尔木兹海峡,“最快明天就会完全开放”;第二阶段是讨论伊朗的“无核化”问题,这需要一些时间。
针对伊朗否认美伊谈判重启的说法,特朗普3日稍早时在社交媒体发文予以驳斥,坚称谈判已经重启,并威胁伊朗“要么达成协议,要么彻底投降”。(完)
图说:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)








