
ဂရိနိုင်ငံတွင် မီးသတ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိပြီးနောက် လူနှစ်ဦး သေဆုံးပြီး နှစ်ဦး အသက်ရှင်
ဂရိနိုင်ငံ အနောက်ပိုင်း Attica ဒေသတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကို တိုက်ဖျက်နေစဉ် မီးသတ်ရဟတ်ယာဉ်နှစ်စင်းသည် ဩဂုတ် ၂ ရက်က ဝေဟင်မှာပင် တိုက်မိခဲ့ရာ လေယာဉ်အမှုထမ်းနှစ်ဦး သေဆုံးခဲ့ပြီး အခြားသူနှစ်ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ဂရိအာဏာပိုင်များက ပြောကြားခဲ့သည်။
သေဆုံးသူနှစ်ဦးမှာ ဒိန်းမတ်နိုင်ငံသား လေယာဉ်မှူးတစ်ဦးနှင့် ဂရိနိုင်ငံသား မီးငြှိမ်းသတ်ရေးပူးပေါင်းဆောင်ရွက်သူတစ်ဦး ဖြစ်ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ Vassilis Vathrakogiannis က သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။ အသက်ရှင်လွတ်မြောက်သူများမှာ ဗြိတိန်နိုင်ငံသားလေယာဉ်မှူးတစ်ဦးနှင့် ဂရိနိုင်ငံသား မီးငြှိမ်းသတ်ရေးပူးပေါင်းဆောင်ရွက်သူတစ်ဦး ဖြစ်ကြောင်း၊ ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အီရန်နှင့် ဩဂုတ် ၃ ရက်တွင် ဆွေးနွေးမည်ဟု ထရမ့် ကြေညာ
အီရန်နိုင်ငံနှင့် ဆွေးနွေးမှုများကို ဩဂုတ် ၃ ရက် မွန်းလွဲပိုင်း၌ စတင်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၂ ရက်၌ ပြောကြားခဲ့သလို ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကာတာ စသည့်နိုင်ငံများက “သဘောတူညီမှုရရှိမည်ဟု ယူဆ” ခြင်းကြောင့် အမေရိကန်အား စီစဉ်ထားသည့် တိုက်ခိုက်မှုများ ရပ်နားရန် ပြောကြားခဲ့ကြကြောင်း သိရသည်။
“ဟော်မုဇ် (ရေလက်ကြား) နဲ့ပတ်သက်ပြီး သဘောတူညီချက်၊ ပြီးတော့ နျူကလီးယားနဲ့ဆိုင်တဲ့ သဘောတူညီချက် ရနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် အီရန် နျူကလီးယားအစီအစဉ်လျှော့ချရေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု အန်ဒရူးပူးတွဲစစ်အခြေစိုက်စခန်းသို့ လမ်းခရီးအတွင်း Air Force One လေယာဉ်ပေါ်၌ ထရမ့်က သတင်းထောက်များကို ပြောခဲ့သည်။
စပိန်နိုင်ငံက စီယူတာ ရွှေ့ပြောင်းသွားလာသူများအကျပ်အတည်းကြောင့် သေဆုံးသူမြင့်တက်လာသဖြင့် ပင်လယ်ပြင်အတားအဆီးများကို အပြည့်အဝဖြန့်ကြက်ဆောင်ရွက်
စပိန်နိုင်ငံသည် Ceuta မြောက်အာဖရိကနယ်မြေ ပင်လယ်ရေကြောင်းနယ်စပ်တစ်လျှောက် ရေပေါ်အတားအတီးများ အပြည့်အဝဖြန့်ကြက်ဆောင်ရွက်ခဲ့ပြီး မကြာသေးမီက မော်ရိုမှ ရွှေ့ပြောင်းသွားလာသူ အများအပြား ဝင်ရောက်လာပြီးနောက် နယ်စပ်ထိန်းချုပ်မှုများ ဆက်လက်တင်းကျပ်လိုက်ကြောင်း သိရသည်။
စီယူတာနယ်မြေ Tarajal ကမ်းခြေတွင် တပ်ဆင်ခဲ့သည့် ရေပေါ်အတားအဆီးမှာ ယခုအခါ အပြည့်အဝလုပ်ငန်းလည်ပတ်နေပြီဖြစ်သည်။ ယင်းမှာ မကြာသေးမီရက်များအတွင်း အဆိုပါနယ်မြေသို့ ရွှေ့ပြောင်းသွားလာသူ သောင်းနှင့်ချီ၍ ဝင်ရောက်လာခဲ့ပြီးနောက် ပုံမှန်မဟုတ်သော ပင်လယ်ပြင်ဖြတ်သန်းမှုများ၊ အများစုမှာ ရေကူး၍သွားခြင်း စသည်တို့မှ ကာကွယ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့ပြင် ယင်းအကျပ်အတည်းနှင့်ဆက်စပ်၍ တရားဝင်သေဆုံးသူအရေအတွက်မှာ ၇၂ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း စပိန်အာဏာပိုင်များက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးပွဲအနီး အသေခံဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦးအထိ မြင့်တက်လာ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ငြိမ်းချမ်းစွာစုဝေးမှုအနီး အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိ ရှိလာပြီး အခြားသူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ဆင်ဟွာကို ဩဂုတ် ၂ ရက်က ပြောသည်။
သေဆုံးသူများတွင် လူထုစုဝေးမှုကို လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်အများအပြား ပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဟန်ဂေရီနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံ ပိတ်ထားနိုင်ခြေအလားအလာကြောင့် “အခက်ခဲဆုံး ၅ ရက်” နှင့် ရင်ဆိုင်ရ
ဟန်ဂေရီနိုင်ငံသည် ပြင်းထန်သော အပူလှိုင်းကြုံတွေ့နေရသည့်ကြားမှ Danube မြစ်၏ ရေလယ်ဗယ်နိမ့်ကျလာခြင်းကြောင့် Paks နျူကလီးယားဓာတ်အားပေးစက်ရုံ လုံးဝပိတ်သိမ်းရမည့်အလားအလာကြောင့် “အခက်အခဲဆုံး ၅ ရက်” ရောက်ရှိလာပြီဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Peter Magyar က ဩဂုတ် ၂ ရက်၌ ပြောကြားခဲ့ကာ ယင်းစက်ရုံမှာ တစ်လကျော်ကြာ ပိတ်ထားရနိုင်ဖွယ်ရှိသည်ဟု သတိပေးလိုက်သည်။
မဂ္ဂါဝပ် ၂,၀၀၀ ထုတ်လုပ်သော စက်ရုံတွင် နောက်ဆုံးဆက်လက်ကျန်ရှိနေသော တာဘိုင်မှာ ဩဂုတ် ၂ ရက်နှောင်းပိုင်း သို့မဟုတ် ဩဂုတ် ၃ ရက်၌ ပိတ်သိမ်းရဖွယ်ရှိကြောင်း Magyar က ဒေသတွင်း စီးပွားရေးလုပ်ငန်းသုံးရုပ်သံလိုင်းဖြစ်သည့် RTL ကို ပြောကြားခဲ့သည်။
Paks နျူကလီးယားဓာတ်အားပေးစက်ရုံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကာ ယင်းပမာဏမှာ ဟန်ဂေရီနိုင်ငံ ပြည်တွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ထက်ဝက်နီးပါးရှိပြီး စက်ရုံ၏ ၄၄ နှစ်တာ သမိုင်း၌ ပထမဆုံး အလုံးစုံရပ်နားရမည်လည်း ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ကူမာမိုတိုငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၃၈ ဦးအထိ ရောက်ရှိလာ၊ လူဦးရေ ၉,၂၀၀ ကျော် ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရဆဲဖြစ်
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၈ ဦးအထိ မြင့်တက်လာကြောင်းနှင့် ပြည်သူ ၉,၂၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများ၌ ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဩဂုတ် ၂ ရက်တွင် ပြောခဲ့သည်။
ဩဂုတ် ၂ ရက် နံနက်ပိုင်းက ဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ်တွင် ပြုလုပ်သော အစည်းအဝေး၌ ကူမာမိုတိုစီရင်စု အစိုးရက ယင်းစီရင်စုတွင် သေဆုံးသူ ၃၈ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ အင်အား ၇.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးခြင်းဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Aug. 3
2 dead, 2 survive after firefighting helicopters collide in Greece
Two crew members were killed and two others survived after two firefighting helicopters collided in mid-air while battling a major wildfire in western Attica on Sunday, Greek authorities said.
Fire Service spokesperson Vassilis Vathrakogiannis confirmed the deaths of a Danish pilot and a Greek firefighting coordinator at a press briefing. The survivors were identified as a British pilot and a Greek firefighting coordinator, one of whom was injured.
Trump announces talks with Iran on Monday
U.S. President Donald Trump said Sunday that negotiations with Iran will begin Monday afternoon, noting that Saudi Arabia, the United Arab Emirates (UAE) and Qatar had asked the United States to call off planned strikes because "they think there's a deal."
"There's a deal on (the Strait of) Hormuz, and then there will be a deal on the nuclear, or you might call it the denuclearization of Iran," Trump told reporters on Air Force One en route to Joint Base Andrews.
Spain fully deploys sea barrier as death toll of Ceuta migrant crisis rises
Spain has fully deployed a floating sea barrier on Sunday along the maritime border of its North African enclave of Ceuta as the authorities continue to tighten border controls following the recent mass migrant influx from Morocco.
The floating barrier, installed off Ceuta's Tarajal beach, is now fully operational. The measure is designed to prevent irregular sea crossings after tens of thousands of migrants entered the enclave in recent days, many by swimming.
Spanish authorities also said on Sunday that the official death toll linked to the crisis has risen to 72.
Death toll of suicide blast near peace rally in NW Pakistan rises to 14
The death toll from a suicide blast near a peace rally in Pakistan's northwestern Khyber Pakhtunkhwa province has risen to 14, while 26 others were injured, police sources told Xinhua on Sunday.
The victims included many police personnel who had been deployed to provide security for the rally, the sources said.
Hungary faces "most critical 5 days" as drought threatens nuclear plant shutdown
Hungary is entering its "most critical 5 days" as dropping water levels on the Danube River threaten the complete shutdown of the Paks nuclear power plant amid an extreme heatwave, Hungary's Prime Minister Peter Magyar said on Sunday, warning that the plant could be shut down for more than a month.
Speaking to local commercial television channel RTL, Magyar said the last remaining operating turbine at the 2,000 MW facility will likely be shut down late Sunday or on Monday. A complete halt to power generation at Paks, which accounts for nearly half of Hungary's domestic electricity generation, would mark the first full closure in the plant's 44-year history.
Death toll from Japan's Kumamoto earthquake rises to 38, over 9,200 remain in shelters
The death toll from the powerful earthquake that struck Kumamoto Prefecture has risen to 38, while more than 9,200 people remain in evacuation shelters, local authorities said Sunday.
At a disaster response headquarters meeting held Sunday morning, the Kumamoto prefectural government announced that 38 people have been confirmed dead, including two whose deaths are still being investigated to determine whether they were caused by the magnitude 7.1 tremor.








