
ကင်ရှာဆာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဩဂုတ် ၁ ရက်တွင် ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်းက အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်း အခိုင်အမာဖော်ဆောင်ရန် အားဖြည့်ပေးမည်ဖြစ်သည်။
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius က လေဆိပ်တွင် ကျွမ်းကျင်ပညာရှင်အဖွဲ့အား သွားရောက်ကြိုဆိုခဲ့သည်။ လက်ရှိ ကွန်ဂိုနိုင်ငံ (DRC) ၏ အီဘိုလာရောဂါဖြစ်ပွားမှုအား ကာကွယ်ထိန်းချုပ်မှုအခြေအနေမှာ ပြင်းထန်နေဆဲဖြစ်ပြီး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းက အတန်အသင့်မြင့်မားသည့် ဖိအားနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ တရုတ်ဘက် ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိလာမှုသည် ကွန်ဂိုနိုင်ငံ (DRC) က ရောဂါဖြစ်ပွားမှု အခြေအနေအား စောင့်ကြည့်တိုင်းတာခြင်း၊ လူနာများအား ကုသကယ်ဆယ်ခြင်းနှင့် ဓာတ်ခွဲခန်း၌ စမ်းသပ်ခြင်း စသည့်လုပ်ငန်းများအတွက် အားကောင်းသော ပံ့ပိုးမှု ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ပြီး ရောဂါဖြစ်ပွားမှုအား ကိုင်တွယ်စီမံမှုစွမ်းရည်ကို အတူတကွမြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ ခေါင်းဆောင် ယန်ရှောင်ချန်က ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ရှေ့နှစ်သုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းအခြေခံပေါ်တွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လက်တွေ့လိုအပ်ချက်နှင့်ပေါင်းစပ်၍ နည်းပညာကူညီမှုများအား စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့်အတူ ညှိနှိုင်းဖလှယ်မှုကို နက်ရှိုင်းစေပြီး ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် တရုတ်နိုင်ငံက အကျိုးဆောင်ပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
တတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၊ ကျဲ့ကျန်းတက္ကသိုလ် ပူးတွဲ အမှတ် (၁) ဆေးရုံ၊ တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ စသည်တို့မှဖြစ်ပြီး ကူးစက်ရောဂါဗေဒ၊ ကျန်းမာရေး ရောဂါစစ်ဆေးမှု၊ ဆေးကုသကယ်ဆယ်ရေး၊ ရောဂါအရင်းအမြစ်ဓာတ်ခွဲစမ်းသပ်ခန်း စမ်းသပ်မှု စသည့် ကျွမ်းကျင်ပညာရပ်များကို လွှမ်းခြုံထားကာ ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများရှိကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
中国第三批埃博拉抗疫医疗专家组抵达刚果(金)
新华社金沙萨8月1日电(记者史彧)中国第三批埃博拉抗疫医疗专家组1日抵达刚果(金)首都金沙萨,助力当地筑牢埃博拉疫情防控防线。
刚果(金)卫生部代表卢库·马留斯在机场迎接专家组。他表示,当前刚果(金)埃博拉疫情防控形势依然严峻,防控工作仍面临较大压力。中方专家组的到来将为刚方疫情监测、病例救治和实验室检测等工作提供有力支持。刚方愿同中方进一步加强协作,共同提升疫情应对能力。
第三批专家组领队杨晓晨表示,专家组将在前两批专家组工作基础上,结合疫情防控实际需求,持续深入开展技术援助,同刚果(金)卫生部门及有关国际合作伙伴深化交流协作,为早日结束本次埃博拉疫情作出中国贡献。
据悉,中国第三批专家组成员来自国家卫生健康委、海关总署、浙江大学医学院附属第一医院、中国疾控中心等机构,专业覆盖流行病学、卫生检疫、临床救治、病原实验室检测等,拥有防疫抗疫实战经验。(完)
图说1:8月1日,刚果(金)卫生部代表卢库·马留斯(右二)在刚果(金)首都金沙萨机场欢迎中国第三批埃博拉抗疫医疗专家组到来。新华社发
图说2:8月1日,刚果(金)卫生部代表卢库·马留斯(右三)在刚果(金)首都金沙萨机场欢迎中国第三批埃博拉抗疫医疗专家组到来。新华社发








