အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ အဓိကဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Sun Pharma ကုမ္ပဏီသည် ထုတ်ကုန်ပစ္စည်း ညစ်ညမ်းမှုပြဿနာကြောင့် မျက်စဉ်းဆေးရည် ၁၀ မျိုးကို ပြန်လည်သိမ်းယူခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဩဂုတ် ၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။

နယူးဒေလီ TV (NDTV) ၏ သတင်းဖော်ပြချက်အရ Sun Pharma ကုမ္ပဏီသည် ဇူလိုင် ၁၇ ရက်တွင် ရောင်းချသူများထံ ပေးပို့သည့်စာ၌ ထုတ်ကုန်ပစ္စည်းတွင် ညစ်ညမ်းမှုပြဿနာရှိသဖြင့် “ကြိုတင်ကာကွယ်သည့်အသွင်” အနေဖြင့် မျက်စဉ်းဆေးရည် ၁၀ မျိုးအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သက်ဆိုင်ရာ မျက်စဉ်းဆေးရည်သည် အမှတ်တံဆိပ်များစွာနှင့် ပတ်သက်နေပြီး မျက်လုံးဆိုင်ရာရောင်ရမ်းမှုလက္ခဏာ၊ ရေတိမ်နှင့် ခွဲစိတ်ကုသမှုအပြီး မျက်လုံးမသက်မသာဖြစ်မှု စသည်တို့ကို ကုသရာတွင် အသုံးပြုသည်။

ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာထုတ်ကုန်ရောင်းချမှုအား ချက်ချင်းရပ်တန့်ရန်၊ လက်ရှိထုတ်ကုန်ပစ္စည်းလက်ကျန်ပမာဏ အခြေအနေအား အစီရင်ခံတင်ပြရန်နှင့် လက်ကျန်ပမာဏနှင့် အခြားလမ်းကြောင်းမှ ရရှိထားသော သက်ဆိုင်ရာထုတ်ကုန်များကို အမြန်ဆုံး ပြန်လည်ပေးအပ်ရန် Sun Pharma ကုမ္ပဏီက  စာအတွင်း၌တောင်းဆိုခဲ့သည်။

မျက်စဉ်းဆေးရည် ညစ်ညမ်းမှုဖြစ်သည့် ပြဿနာနှင့်စပ်လျဉ်း၍ အသေးစိတ်အခြေအနေကို သတင်းတွင် ဖော်ပြထားခြင်းမရှိသော်လည်း ကျွမ်းကျင်ပညာရှင်အချို့၏ ပြောဆိုချက်ကို ကိုးကား၍ ဆေးဝါးထုတ်ကုန် ထုတ်လုပ်သည့်ဖြစ်စဉ်အတွင်း ပိုးမွှားကင်းစင်မှုကို ထိန်းသိမ်းထားခြင်းသည် အလွန်အရေးကြီးကြောင်း၊ ညစ်ညမ်းမှုဖြစ်သော သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသည့် ပါဝင်ပစ္စည်းများ ပါဝင်သော မျက်စဉ်းဆေးရည်သည် မျက်လုံးဆိုင်ရာ ပိုးမွှားကူးစက်မှုနှင့် အမြင်အာရုံထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ကြောင်း သတင်းဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

印度大型药企因污染问题召回10款眼药水

新华社北京8月3日电 据印度媒体2日报道,印度主要制药企业太阳制药公司因产品污染问题召回10款眼药水。

据新德里电视台报道,太阳制药在7月17日发给经销商的信中说,由于产品污染问题,“预防性”召回10款眼药水。相关眼药水涉及多个品牌,分别用于治疗眼部炎症、青光眼和术后眼部不适等。

太阳制药在信中要求经销商立即停止销售相关产品、报告现有库存情况,并尽快退回手中持有和从其他渠道获得的相关产品。

报道没有说明眼药水污染问题的详细情况,但援引一些专家的话说,药品生产过程中保持无菌至关重要,受污染或含有不安全成分的眼药水可能引发眼部感染和视力损伤。(李明睿)

图说:这是1月14日拍摄的印度首都新德里一家药店。新华社发(贾韦德·达尔摄)