
နင်းပေါ၊ တရုတ်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းပေါမြို့တွင် ဩဂုတ် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ FIVB အမျိုးသားဘော်လီဘော နေးရှင်းစ်လိဂ် (VNL) ဗိုလ်လုပွဲ၌ ကမ္ဘာ့အဆင့်-၁ ပိုလန်အသင်းက အမေရိကန်အသင်းကို ၃-၂ ပွဲဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သလို ဆလိုဗေးနီးယားအသင်းကလည်း ဂျပန်အသင်းကို ၃-၁ ပွဲဖြင့် အနိုင်ရရှိကာ ပထမဆုံး VNL ဆုတံဆိပ်ကို ရယူနိုင်ခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ပိုလန်က ပထမပွဲတွင် ၂၅-၂၁ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း အမေရိကန်က ၂၅-၂၃၊ ၂၇-၂၅ ဖြင့် နှစ်ပွဲဆက်တိုက် အနိုင်ပြန်ယူကာ တစ်ပွဲထပ်မံ အနိုင်ရရှိပါက ချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အခြေအနေကို ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။
ချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိနေစဉ် စတုတ္ထပွဲတွင် ရမှတ် ၂၀ မှတ်စီ တူညီနေပြီးနောက် ပိုလန်အသင်း၏ အဓိက ဘောလုံးရိုက်ခုတ်သူ တိုမက်ဇ် ဖိုနယ်လ်က အလွန်သေသပ်ကောင်းမွန်သည့် စပေးဘောရိုက်ချက်များဖြင့် အသင်းအတွက် အမှတ်ယူပေးခဲ့သည်။ အဆိုပါပွဲစဉ်၌ ပိုလန်က ၂၅-၂၃ မှတ်ဖြင့် အနိုင်ရရှိခဲ့သဖြင့် အဆုံးအဖြတ်ပွဲ ဆက်လက်ကစားခဲ့ရသည်။
ပဉ္စမပွဲတွင် ၅ မှတ်စီ အမှတ်တူဖြစ်နေပြီးနောက် လက်ရှိချန်ပီယံ ပိုလန်က ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး အမေရိကန်၏ တိုက်စစ်ဆင်မှုများမှ အမှားများကို ပိုင်ပိုင်နိုင်နိုင်အသုံးချကာ ၁၃-၇ မှတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ပိုလန်၏ စနစ်ကျသော ခံစစ်ကစားပုံနှင့် ထိရောက်သော ပိတ်ဆို့ကစားပုံကြောင့် အမေရိကန်တို့ ပြန်လာနိုင်စွမ်းမရှိတော့ဘဲ ပိုလန်က ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီး ၁၅-၁၀ မှတ်ဖြင့် အနိုင်ရရှိကာ တတိယမြောက် VNL ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ပိုလန်အသင်းမှ ဖိုနယ်လ်က ၂၀၂၆ VNL ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
"အခုအချိန်မှာ ကျွန်တော့်ခံစားချက်တွေကို ထုတ်ပြောဖို့ ခက်ခဲပါတယ်။ ခံစားချက်တွေ အများကြီးရောထွေးနေလို့ပါ" ဟု ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပိုလန်အသင်းမှ ကာမီလ် ဆီမီနျုခ်က ဆိုသည်။ "ဒီနေ့ အားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့အသင်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ဒီဆုဖလားနဲ့လည်း ထိုက်တန်ပါတယ်။ လာမယ့် VNL Finals ပြိုင်ပွဲကို ပိုလန်နိုင်ငံနဲ့ နည်းနည်းပိုနီးတဲ့နေရာမှာ ကျင်းပသွားဖို့ မျှော်လင့်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။
ဩဂုတ် ၂ ရက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့သည့် တတိယလုပွဲတွင် ယခင်ပြိုင်ပွဲသုံးကြိမ်စလုံး စတုတ္ထနှင့်သာ ကျေနပ်ခဲ့ရသည့် ဆလိုဗေးနီးယားအသင်းက ဂျပန်အသင်းကို ၃-၁ ပွဲ (၂၅-၂၁၊ ၂၆-၂၈၊ ၂၅-၂၂၊ ၂၅-၂၂ မှတ်) ဖြင့် အနိုင်ယူကာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး VNL ဆုပေးပွဲစင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည်။
"မနေ့တုန်းက ကျွန်တော်နဲ့ ကျွန်တော့်အခန်းဖော် ဂျန် ကိုဇမ်မာနစ်ခ်တို့ ဂျပန်-ဆလိုဗေးနီးယား ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းကို ပြန်ကြည့်တော့ ဂျပန်က ၈-၃ ပွဲနဲ့ အသာစီးရထားသလို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ဂျပန်က ၇ ပွဲဆက်တိုက် အနိုင်ရထားတယ်လေ။ ဒါပေမဲ့ ဒီ VNL ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ အံ့အားသင့်ဖွယ် ရလဒ်တစ်ခုကို တကယ်လုပ်ပြနိုင်မယ်လို့ ခံစားမိခဲ့တယ်။ တီနီနဲ့ ပါဂျန့်ခ်တို့က ဆုတံဆိပ်ရဖို့ နှစ် ၂၀ လောက် စောင့်ခဲ့ရပြီး အခုတော့ တကယ်ဖြစ်လာခဲ့ပြီလို့လည်း ကျွန်တော် သူတို့ကိုပြောခဲ့သေးတယ်" ဟု ဆလိုဗေးနီးယားအသင်းမှ ရော့ခ် မိုဇစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)
...................................................................
(English Version)
Poland retains men's VNL title as Slovenia claims historic bronze
NINGBO, China, Aug. 2 (Xinhua) -- World No. 1 Poland rallied to defeat the United States 3-2 and retained its title at the 2026 FIVB Men's Volleyball Nations League (VNL) Finals on Sunday, while Slovenia beat Japan 3-1 to secure its first VNL medal.
In a thrilling final, Poland took the opening set 25-21 before the United States responded by edging the next two 25-23 and 27-25 to move within one set of the title.
With the championship on the line, the fourth set remained level at 20-20 before Polish outside hitter Tomasz Fornal sparked his team with a series of outstanding serves. Poland closed out the set 25-23 to force a decider.
The defending champion seized control after the score was tied at 5-5 in the fifth set, capitalizing on several U.S. attacking errors to build a 13-7 lead. Poland's disciplined defense and effective blocking denied the Americans any chance of a comeback, and the European side sealed the set 15-10 to complete the turnaround and claim its third VNL title.
Fornal was named the Most Valuable Player of the 2026 VNL during the post-match award ceremony.
"It's hard to describe my feelings right now. So many emotions," Poland's Kamil Semeniuk said after the victory. "Everyone gave everything today. I'm proud of our national team, and we deserved this title. I hope the next VNL Finals will be held a little closer to Poland."
Earlier on Sunday, after finishing fourth on three previous occasions, Slovenia finally reached the VNL podium by defeating Japan 3-1 (25-21, 26-28, 25-22, 25-22) in the bronze medal match.
"Yesterday, my roommate Jan Kozamernik and I saw that the head-to-head between Japan and Slovenia was 8-3 to them and 7-0 in the last matches, but I had a feeling, because we were really doing something crazy in this VNL. I said to Tine and Pajenk that they were waiting for a medal for 20 years and it came," Rok Mozic of Slovenia said after the match.
English Caption 1
Players of Poland celebrate scoring during the final match between Poland and the United States at the 2026 Volleyball Nations League (VNL) Men's Final Round in Ningbo, east China's Zhejiang Province, Aug. 2, 2026. (Photo by Suo Xianglu/Xinhua)
English Caption 2
Champions team of Poland celebrate during the awarding ceremony after the final match between Poland and the United States at the 2026 Volleyball Nations League (VNL) Men's Final Round in Ningbo, east China's Zhejiang Province, Aug. 2, 2026. (Photo by Suo Xianglu/Xinhua)








