
မော်စကို၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
ရုရှား လေကြောင်းရန်ကာကွယ်ရေးစစ်သည်များသည် ဩဂုတ် ၂ ရက်တွင် ဒေသအများအပြား၌ တောင်ပံပုံသေ ဒရုန်း စုစုပေါင်း ၁,၁၅၈ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထိုနေ့တွင် ထုတ်ပြန်သော တိုက်ပွဲအစီရင်ခံစာအရ သိရသည်။ Rossiya Segodnya သတင်းဌာနက ယင်းသည် အထူးစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာချိန်မှစ၍ ရုရှားစစ်တပ်သည် အဆိုပါအမျိုးအစားဒရုန်းကို ပစ်ချခဲ့သည့် အရေအတွက် အများဆုံးနေ့ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။
Rossiya Segodnya သတင်းဌာနက စုစုပေါင်းစာရင်းအချက်အလက်အရ ရုရှားစစ်တပ်က ထိုနေ့တွင် ပစ်ချခဲ့သော တောင်ပံပုံသေဒရုန်းအရေအတွက်သည် ယခင် ဇူလိုင် ၂၅ ရက်က ပစ်ချခဲ့သည့် ဒရုန်းအစင်းရေ ၁,၀၆၀ စင်း စံချိန်ကို စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ရုရှားစစ်တပ် တိုက်ပွဲအစီရင်ခံစာအရ ဩဂုတ် ၁ ရက် ညပိုင်းမှ ဩဂုတ် ၂ ရက် နံနက်ပိုင်းအထိ ရုရှားနိုင်ငံ အနောက်ပိုင်းရှိ Bryansk ပြည်နယ်၊ Volgograd ပြည်နယ်၊ Belgorod ပြည်နယ် စသည့် ဒေသ ဆယ်ခုကျော်တွင် ယူကရိန်းစစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုခံခဲ့ရကြောင်း ဖော်ပြထားသည်။
ရုရှားအစိုးရ နျူကလီးယားအေဂျင်စီ ရော့ဆာတမ် (Rosatom) အမှုဆောင်အရာရှိချုပ် Alexey Likhachev က ယူကရိန်းစစ်တပ် ဒရုန်းတစ်စင်းသည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံ အမှတ် (၃) စက်အုပ်စုနှင့် မီတာအနည်းငယ်အကွာတွင် ရှိသော စင်္ကြံတစ်ခုကို တိုက်ခိုက်ခဲ့ရာ ကံကောင်းထောက်မစွာဖြင့် အဆိုပါဒရုန်းသည် ပေါက်ကွဲမှုမရှိသဖြင့် ထိခိုက်ပျက်စီးမှု မဖြစ်ခဲ့ကြောင်း၊ ရုရှားဘက်က အထက်ပါဖြစ်ရပ်အား အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ထံသို့ အသိပေးခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ရုရှားစစ်တပ် ဒရုန်းများသည် ထိုနေ့တွင် ယူကရိန်းစစ်တပ်အတွက် ပစ္စည်းများ ပို့ဆောင်ပေးသည့် သင်္ဘောတစ်စင်း၊ ယူကရိန်းစစ်တပ်အတွက် ပစ္စည်းနှင့် ကျည်ဆန်များပို့ဆောင်ပေးသည့် အဝေးထိန်း ဒရုန်းပို့ဆောင်ရေးကိရိယာ ၃ စင်းနှင့် ယူကရိန်းစစ်တပ်အတွက် ဝန်ဆောင်မှုပေးသည့် မော်တော်ယာဉ် ဆီဆိုင်တစ်ဆိုင်အား ဖျက်ဆီးခဲ့ကြောင်း၊ ယူကရိန်းစစ်တပ် ရေဒါစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားစစ်တပ် တိုက်လေယာဉ်သည် ထိုနေ့တွင် ယူကရိန်းနိုင်ငံ Kharkiv ပြည်နယ်ရှိ ယူကရိန်းစစ်တပ် ဒရုန်းထိန်းချုပ်ရေးစခန်းနှစ်ခုကို ဖျက်ဆီးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
俄媒:俄单日击落固定翼无人机数量创纪录
新华社莫斯科8月2日电 据俄罗斯国防部2日发布的战报,俄防空兵当天在多地共击落1158架固定翼无人机。今日俄罗斯通讯社报道说,这是特别军事行动以来俄军击落该类型无人机最多的一天。
今日俄罗斯通讯社汇总数据显示,俄军当天击落的固定翼无人机数量刷新了此前于7月25日击落1060架的纪录。
俄军战报显示,1日夜间到2日凌晨,位于俄西部的布良斯克州、伏尔加格勒州、别尔哥罗德州等十多个地区遭到乌军无人机攻击。俄罗斯国家原子能公司首席执行官利哈乔夫2日在社交媒体上说,一架乌军无人机1日晚撞击了距离扎波罗热核电站3号机组几米远的一段走廊,所幸该无人机没有爆炸,未造成损失。俄方已向国际原子能机构通报了这一事件。
通报还说,俄军无人机当天击毁一艘为乌军运送物资的船舶、3台为乌军运送物资和弹药的遥控无人运输载具和一座为乌军服务的汽车加油站,打击了一座乌军雷达站。俄军机当天摧毁了位于乌克兰哈尔科夫州的两座乌军无人机操控站。(完)
图说:这是7月23日在俄罗斯莫斯科拍摄的夕阳下的莫斯科河及沿岸风光。新华社记者 冯开华 摄








