အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က နောက်တစ်နေ့တွင် အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ဩဂုတ် ၂ ရက်တွင် ကြေညာခဲ့သည်။

ထိုနေ့တွင် အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ သွားရာလမ်းတွင် ထရမ့်က အတူလိုက်ပါလာသော မီဒီယာများထံ အဆိုပါသတင်းကို ကြေညာခဲ့သည်။ မူလစီစဉ်ထားသော တိုက်ခိုက်မှုအစီအစဉ်ကို အဘယ်ကြောင့် ဖျက်သိမ်းခဲ့ရသနည်းဟု မေးမြန်းရာတွင် ထရမ့်က “အဲဒါ တကယ်ဆိုရင် ကြီးမားတဲ့ တိုက်ခိုက်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်လာမှာ” ၊ သို့သော်လည်း ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ကာတာ စသည့် မဟာမိတ်များက လှုပ်ရှားမှုကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းတို့က အမေရိကန်နှင့် အီရန်တို့သည် ဟော်မုဇ်ရေလက်ကြား၊  နျူကလီးယားအရေးတို့နှင့်စပ်လျဉ်း၍ သဘောတူညီချက်တစ်ခု ရရှိနိုင်သည်ဟု ယူဆကြကြောင်း ပြောကြားခဲ့သည်။

အီရန်ဘက်ကလည်း အမေရိကန်၏ တိုက်ခိုက်မည့် မူလအစီအစဉ်ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြောင်း၊ “အခုက စေ့စပ်ညှိနှိုင်းတဲ့ပုံစံနဲ့ ကျုပ်တို့ သူတို့နဲ့ ဆွေးနွေးနေတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။ “စေ့စပ်ညှိနှိုင်းမှုကို မနက်ဖြန် (ဩဂုတ် ၃ ရက်) ညနေပိုင်းမှာ စတင်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သတင်းထောက်က ဤသတင်းဖော်ပြသည့်အချိန်အထိ အီရန်ဘက်က ယင်းအပေါ် မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဩဂုတ် ၁ ရက် သတင်းဖော်ပြချက်အရ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား Mohammed bin Salman Al Saud သည် ထိုနေ့တွင် ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးကာ  အီရန်အပေါ် လုပ်ဆောင်မည့် ထရမ့်၏ အသစ်တစ်ကြိမ် ကြီးမားသော တိုက်ခိုက်မှု အစီအစဉ်အပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး သဘောတူညီချက်တစ်ရပ် မျှော်လင့်ထားသည့်အတိုင်း ရရှိရန် ကာတာနိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးသူသည် ထိုနေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ၊ အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff ၊ အိုမန်အရာရှိတို့နှင့် သီးခြားစီ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ထပ်မံဖော်ပြထားသည်။

အာရက်ဂ်ချီသည် ဩဂုတ် ၁ ရက်တွင် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir ၊ တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာန Hakan Fidan နှင့် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud တို့နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး မည်သည့် “အန္တရာယ်စွန့်စားသော လှုပ်ရှားမှု” မျိုးမဆို လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်အား သတိပေးခဲ့သည်။ (Xinhua)

................................

(Chinese Version)

特朗普称美伊将于8月3日举行谈判

新华社华盛顿8月2日电(记者熊茂伶 黄强)美国总统特朗普2日宣布,美国将于次日和伊朗进行谈判。  

特朗普当天在前往安德鲁斯空军基地途中向随行媒体宣布上述消息。当被问及为何取消原定打击行动时,特朗普说,“那本来会是一场大规模的打击行动”,但沙特阿拉伯、阿联酋、卡塔尔等盟友请求取消行动,他们认为美伊能就霍尔木兹海峡达成协议,还会就核问题达成协议。  

特朗普说,伊朗方面也请求美国取消原定的打击行动,并表示“我们现在正在以谈判的形式与他们对话”。他还补充道,“谈判将于明天(3日)下午开始”。  

截至记者发稿,伊朗方面尚未对此作回应。  

据美国阿克西奥斯新闻网站8月1日报道,沙特王储穆罕默德当天与特朗普通话,对特朗普计划对伊朗发动新一轮大规模打击表示担忧。报道还说,卡塔尔调解人当天分别与伊朗外长阿拉格齐、美国总统特使威特科夫及阿曼官员举行会谈,以期达成重新开放霍尔木兹海峡的协议。  

阿拉格齐8月1日分别同巴基斯坦陆军参谋长穆尼尔、土耳其外交部长费丹和沙特外交大臣费萨尔通电话,警告美国不要采取任何“冒险行动”。(完)

图说:这是6月14日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄