အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့ရှိ ရေနံချက်စက်ရုံတစ်ရုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က 
တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့ရှိ ရေနံချက်စက်ရုံတစ်ရုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ဈေးကွက်က အမေရိကန်နှင့် အီရန်အကြား အသစ်တစ်ဖန် ဆွေးနွေးမှုများ အမြန်ဆုံး ပြန်လည်စတင်နိုင်သည်ဟူသော ခန့်မှန်းချက်များကြောင့် ကမ္ဘာ့ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဩဂုတ် ၂ ရက် ညနေပိုင်း အရောင်းအဝယ် သီတင်းပတ်အသစ်စတင်ပြီးနောက်ပိုင်း သိသိသာသာ ကျဆင်းခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဩဂုတ် ၂ ရက် ည ၇ နာရီအထိ၊ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းများသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၇၄.၇၈ ဒေါ်လာအထိ ကျဆင်းရာ ယင်းမှာ လွန်ခဲ့သည့်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၅.၈၉ ဒေါ်လာဖြင့် ၆.၉၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အောက်တိုဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့် ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၈၁.၅၅ ဒေါ်လာအထိ ကျဆင်းခဲ့ရာ ယင်းမှာ လွန်ခဲ့သည့် အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၆.၃၈ ဒေါ်လာဖြင့် ၇.၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်းအနာဂတ်ဈေးနှုန်းနှင့် အောက်တိုဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်း ကျဆင်းမှုနှုန်းမှာ ၄ ရာခိုင်နှုန်းဝန်းကျင် ကျဉ်းမြောင်းသွားသည်။

အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၂ ရက် ညနေပိုင်းတွင် သမ္မတ အထူးလေယာဉ်၌ မီဒီယာများကို အမေရိကန်နိုင်ငံအနေဖြင့် နောက်တစ်နေ့တွင် အီရန်နှင့် ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီတစ်ရက်က အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ဖျက်သိမ်းလိုက်ကြောင်း ထရမ့်က ကြေညာခဲ့သည်။

ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ အီရန်ဘက်က ထို့အပေါ် တုံ့ပြန်ခြင်း မရှိသေးပေ။

ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC) က ဩဂုတ် ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ “OPEC+” အဓိကရေနံထုတ်လုပ်သည့်နိုင်ငံပေါင်း ၇ နိုင်ငံက စက်တင်ဘာလတွင် နေ့စဉ် ပျမ်းမျှ ရေနံစိမ်း စည်ပေါင်း ၁၈၈,၀၀၀ စည် ထပ်တိုး ထုတ်လုပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဈေးကွက်တည်ငြိမ်အောင် ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美伊或将举行谈判 国际油价显著下跌

新华社纽约8月2日电(记者刘亚南)由于市场预期美国和伊朗很快举行新一轮谈判,国际原油期货价格美东时间2日下午在新一周交易开始后显著下跌。   

截至美东时间2日19时,纽约商品交易所9月交货的轻质原油期货价格最低跌至每桶74.78美元,与前一交易日收盘价比下跌5.89美元,跌幅为6.96%;10月交货的伦敦布伦特原油期货价格最低跌至每桶81.55美元,与前一交易日收盘价比下跌6.38美元,跌幅为7.26%。   

截至记者发稿时,纽约商品交易所9月交货的轻质原油期货和10月交货的伦敦布伦特原油期货价格跌幅收窄至4%左右。   

美国总统特朗普2日下午在总统专机上对媒体表示,美国将于次日和伊朗进行谈判。此前一天,特朗普宣布取消对伊朗的军事打击。   

截至记者发稿时,伊朗方面尚未对此作回应。   

石油输出国组织(欧佩克)2日发表声明说,7个“欧佩克+”主要产油国决定9月日均增产原油18.8万桶,并重申将维护市场稳定。(完)

1. 这是7月29日在美国新泽西州林登市拍摄的炼油厂。新华社记者张凤国摄