တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရသည် “အမျိုးသားထောက်လှမ်းရေးဗျူရို” ကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်တည်ထောင်ခဲ့ပြီး ပထမဆုံး “အမျိုးသားထောက်လှမ်းရေးညီလာခံ” ကို ကျင်းပခဲ့ကြောင်း သတင်းများအရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို ဖြေကြားရာတွင် ယင်းကိစ္စရပ်သည် ဂျပန်၏ ပြည်တွင်း၊ ပြည်ပလုံခြုံရေးမူဝါဒများတွင် နောက်ထပ် အပျက်သဘောဆောင်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

သမိုင်းကြောင်းတွင် ဂျပန်ထောက်လှမ်းရေးအဖွဲ့အစည်းများသည် ဂျပန်နိုင်ငံက စစ်ဝါဒကို ဘက်စုံကျင့်သုံးရန်၊ ပြည်ပကျူးကျော်စစ်ပွဲများ ဆင်နွှဲရန်အတွက် လမ်းခင်းပေးခဲ့ကြပြီး အာရှတိုက်အိမ်နီးချင်းနိုင်ငံများနှင့် ဂျပန်ပြည်သူများအပေါ် ဖော်ပြ၍မကုန်နိုင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း၊ လတ်တလောကာလတစ်လျှောက် ဂျပန်ဘက်မှ “အမျိုးသားလုံခြုံရေး”၊  “ပြင်ပ ခြိမ်းခြောက်မှု” ဟူသော ဆင်ခြေများကို အသုံးချကာ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” လုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံရေးသမားများအနေနဲ့ သမိုင်းသင်ခန်းစာ အလေးအနက်သင်ယူပြီး သတိကြီးစွာ လုပ်ကိုင်ဆောင်ရွက်သင့်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

....................................

(Chinese Version)

外交部谈日本设“国家情报局”:又一消极动向

新华社北京7月31日电(记者吴梦桐、马卓言)据报道,日本政府于7月31日正式设立“国家情报局”,并召开首次“国家情报会议”。外交部发言人毛宁31日在例行记者会上答问时表示,此事是日本在内外安全政策上又一消极动向。  

毛宁说,历史上,日本情报机构曾经为日本全面推行军国主义、发动对外侵略战争铺路,对亚洲邻国和日本人民犯下罄竹难书的罪行。近一段时间来,日方以所谓“国家安全”“外部威胁”为借口,加速“再军事化”进程,威胁地区和平稳定,引发国际社会广泛担忧。  “日本为政者应当深刻汲取历史教训,慎重行事。”毛宁说。(完)