
ဝါရှင်တန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း အဆိုပြုထားသည့် ကန်ဒေါ်လာ ၆၇ ဘီလီယံ အရေးပေါ်ဘတ်ဂျတ်ခွဲဝေမှု လျှောက်ထားချက်တွင် အမေရိကန်၏ နောက်ဆုံးပေါ် “Patriot” ဒုံးကျည်နှင့် “THAAD” ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ်အား ဝယ်ယူရန် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်လည်း ပါဝင်ကြောင်း Bloomberg သတင်းဌာနက ဇူလိုင် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်က ရေးဆွဲ၍ အထက်၊ အောက် လွှတ်တော်နှစ်ရပ် ကာကွယ်ရေးကော်မတီထံ တင်ပြထားသည့် စာရွက်စာတမ်းများအရ အဆိုပါအရင်းအနှီးငွေများကို ကန်ဒေါ်လာ ၅.၇၅ ဘီလီယံ တန်ဖိုးရှိသည့် “THAAD” ဒုံးကျည်၊ ကန်ဒေါ်လာ ၅.၅၇ ဘီလီယံ တန်ဖိုးရှိသည့် အဆင့်လိုက် လုပ်ဆောင်ချက်မြှင့်တင်ထားသော “Patriot” ဒုံးကျည်အား ထပ်တိုးဝယ်ယူရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပင်တဂွန်စစ်ဌာနချုပ်၏ ဝယ်ယူမှုစာရင်းများတွင် ကန်ဒေါ်လာ ၁.၉ ဘီလီယံ တန်ဖိုးရှိသည့် SM-6 ဒုံးကျည်နှင့် ကန်ဒေါ်လာ ၁.၃ ဘီလီယံ တန်ဖိုးရှိသည့် Tomahawk ခရုဇ်ဒုံးကျည် စသည်နှင့် အီရန်စစ်ပွဲအတွင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့သည့် “တိကျစွာတိုက်ခိုက်နိုင်သောပဲ့ထိန်းဒုံးကျည်” (PrSM) အား ဝယ်ယူရန် ကန်ဒေါ်လာ ၆၉၂ သန်းတို့ ပါဝင်ကြောင်း သိရသည်။
အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်မှုနှင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်တပ် အခြေစိုက်စခန်းများအား ပစ်မှတ်ထားသော ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ကြားဖြတ်တားဆီးလာသည်နှင့်အမျှ လူအများက အမေရိကန်၏ လက်နက်ပစ္စည်း လက်ကျန်ပမာဏအပေါ် စိုးရိမ်ပူပန်မှုများလည်း သိသာထင်ရှားလာကြောင်း၊ အမေရိကန် လွှတ်တော်အမတ်၊ ပင်တဂွန်စစ်ဌာနချုပ် အရာရှိများနှင့် လေ့လာသုံးသပ်သူများက အမေရိကန်၏ လက်ရှိ လက်နက် လက်ကျန်ပမာဏသည် အန္တရာယ်ရှိနိုင်ခြေနည်းပါးအဆင့်တွင် ရောက်ရှိနေပြီဟု ဆိုကြကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美国五角大楼欲动用上百亿美元采购拦截导弹
新华社华盛顿7月31日电(记者黄强 徐剑梅)据彭博社7月31日报道,美国国防部在本财年提出的670亿美元紧急拨款申请中,包括100多亿美元用于购买美国最先进的“爱国者”导弹和“萨德”反导系统。
根据五角大楼起草并提交给国会参众两院国防委员会的文件,这些资金将用于采购价值57.5亿美元的“萨德”导弹、增购价值55.7亿美元的“爱国者”导弹分段增强型。此外,五角大楼的采购清单中还包括价值19亿美元的“标准-6”导弹和价值13亿美元的“战斧”巡航导弹等,以及6.92亿美元用于采购首次在伊朗战事中使用的“精确打击导弹”。
报道说,随着美军打击伊朗并拦截其针对美军在中东地区基地的无人机及导弹袭击,人们对美国武器库存状况的担忧也随之凸显。美国国会议员、五角大楼官员和分析人士都表示,美国目前的这些武器库存已处于危险低位。(完)
图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄








