ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုရှိ ခိုလှုံရာနေရာတစ်ခုတွင် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လာရောက်ယူဆောင်သော ပြည်သူများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုရှိ ခိုလှုံရာနေရာတစ်ခုတွင် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လာရောက်ယူဆောင်သော ပြည်သူများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၁ အဆင့်ရှိသည့် ငလျင်ကြောင့် လူ ၃၆ ဦး သေဆုံးကာ ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း တစ်သောင်းနီးပါး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း အဆိုပါစီရင်စုက ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကူမာမိုတိုစီရင်စုတွင် ဇူလိုင် ၂၈ ရက်က ပြင်းအား ၇.၁ အဆင့် ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် “အရေးကြီးသော ၇၂ နာရီ” ကုန်ဆုံးသွားပြီဖြစ်သည်။ ကူမာမိုတိုစီရင်စုတစ်ဝန်းရှိ ခိုလှုံရာနေရာ ၃၄၈ ခုတွင် လူပေါင်း ၉,၅၃၂ ဦး ခိုလှုံနေဆဲဖြစ်ပြီး အိမ်ထောင်စု ၇၉,၀၀၀ ခန့်မှာ ရေပြတ်လပ်နေကြောင်း၊ အိမ်ခြေ ၁,၅၀၀ လုံး ခန့် ပျက်စီးသွားကြောင်း အတည်ပြုထားသော်လည်း  ယူကီမြို့စသည့် ငလျင်ဒဏ် ပြင်းထန်စွာ ခံစားရသည့် နေရာအများအပြားကို စာရင်းထဲတွင် မထည့်သွင်းရသေးသောကြောင့် အိမ်ခြေ ပျက်စီးမှုအရေအတွက်မှာ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း အဆိုပါစီရင်စုက ထုတ်ပြန်ခဲ့သည်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာက ပေါက်ကွဲမှုကြောင့် ပြိုကျသွားသော စီးပွားရေးအဆောက်အအုံများမှလွဲ၍ အခြားကျန်ရှိနေရာများ၏ ကယ်ဆယ်ရေးလုပ်ငန်းများအားလုံးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများက လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု အလုံးစုံကို လျင်မြန်စွာ အကဲဖြတ်လျက်ရှိကြောင်း  ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အပူချိန်မြင့်မားမှုနှင့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များသည် ထိုဒေသ နောက်ဆက်တွဲ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးနှင့် ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေသည်။ မိုးလေဝသဌာနက လာမည့်ရက်အနည်းငယ်တွင် အချို့ဒေသများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဇူလိုင် ၂၉ ရက်နှင့် ဇူလိုင် ၃၀ ရက် နှစ်ရက်အတွင်း အပူလျှပ်သည်ဟု သံသယရှိရသည့် ဆေးရုံတင်ရသူ ၄၀ ကျော် ရှိခဲ့ကြောင်း ဒေသခံမီးသတ်ဌာန၏ ပြောကြားချက်ကို ကိုးကားပြီး Kyodo News က ဖော်ပြခဲ့သည်။

ဂျပန် မိုးလေဝသဌာနက လက်ရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ငလျင်လှုပ်ရှားမှုမှာ တက်ကြွနေဆဲဖြစ်ပြီး ဇူလိုင် ၂၈ ရက် ညနေစောင်းမှ ဇူလိုင် ၃၁ ရက် ညနေပိုင်းအထိ အဆိုပါဒေသတွင် သိသာသော ငလျင်လှုပ်ခတ်မှု အကြိမ် ၃၀၀ ခန့် ရှိခဲ့သည်။ (Xinhua)

................................

(Chinese Version)

日本熊本地震已造成36人死亡 近万人避难

新华社东京7月31日电(记者李子越 陈泽安)日本熊本县7月31日通报说,日前发生的7.1级地震已造成36人死亡、6人重伤,近万民众避难。

熊本县28日发生7.1级地震,目前灾后救援“黄金72小时”已过。熊本县通报说,全县仍有9532人在348处避难所避难,约7.9万户停水,确认受损房屋约1500栋,但因宇城市等多个重灾区尚未纳入统计,受损房屋数量预计将进一步上升。  

日本内阁官房长官木原稔31日上午在记者会上表示,除发生爆炸坍塌的商业设施外,其余地区救援行动均已结束。相关部门正加紧评估整体损失。  

高温天气和严重灾情给当地后续生活恢复与灾后重建带来挑战。气象部门预计,未来几天,部分地区最高气温可能超过40摄氏度。日本共同社援引当地消防部门消息说,仅29日和30日两天,已有超40人因疑似中暑送医。  

日本气象厅说,目前受灾地区地震活动仍较为活跃,从28日傍晚至31日下午,当地共发生约300次有感地震。(完)

图说1:7月30日,在日本熊本县一处避难所,民众领取救灾物资。新华社记者 贾浩成 摄

图说2:7月30日,在日本熊本县,工作人员检修电路。新华社记者 贾浩成 摄