
အီရန်ကို အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်မှုအသစ်လုပ်ဆောင်မှုများကြောင့် ပဋိပက္ခ ကျယ်ပြန့်လာ
တီဟီရန်၏ နောက်ဆုံးတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အား အမေရိကန်တပ်ဖွဲ့များက ဇူလိုင် ၂၉ ရက် ညပိုင်း၌ လတ်တလောတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဒေသတစ်ခွင် ပဋိပက္ခများ ကျယ်ပြန့်လာခဲ့သည်။
ယမန်နေ့က အီရန်က ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့များက ဇူလိုင် ၂၉ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီတွင် “တိုက်ခိုက်မှုအကြီးအကျယ်” လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များက စစ်ဘက်ကွပ်ကဲရေးဗဟိုဌာနများ၊ ဒုံးကျည်နှင့် ဒရုန်းအဆောက်အအုံများ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးနှင့် ကာကွယ်ရေးနေရာများ၊ ပင်လယ်ရေကြောင်းစွမ်းဆောင်မှုများ အပါအဝင် အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ပိုင်ဆိုင်သည့် ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ကြောင်း CENTCOM ထံမှ သိရသည်။
ရီယတ်က ပင်လယ်ရေကြောင်းကာကွယ်ရေးမဟာမိတ်ဖွဲ့စည်းခဲ့ချိန် “ဘက်စုံအရှိန်မြင့်တက်မှု” ကို ဟူသီခေါင်းဆောင် သတိပေး
ယီမင်နိုင်ငံ၏ ဟူသီခေါင်းဆောင် Abdul-Malik al-Houthi က ဆော်ဒီအာရေဗျအနေဖြင့် စစ်ဆင်ရေးများ အပြင်းအထန်လုပ်ဆောင်ပါက “ဘက်စုံတင်းမာမှုအရှိန်မြင့်တက်လာနိုင်မှု” ကို ဇူလိုင် ၃၀ ရက်က သတိပေးလိုက်သည်။
ဒေသတွင်းတင်းမာမှုများကြားမှ ပင်လယ်ရေကြောင်းကာကွယ်ရေးမဟာမိတ်ဖွဲ့စည်းကြောင်း ဆော်ဒီအာရေဗျ ကြေညာ
နိုင်ငံပေါင်းစုံပါဝင်သော ပင်လယ်ရေကြောင်းကာကွယ်ရေးမဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ဇူလိုင် ၃၀ ရက်၌ ကြေညာခဲ့ပြီး ပင်လယ်နီ၊ ဘက် အယ်လ်-မန်ဒက်ရေလက်ကြားနှင့် အေဒင်ပင်လယ်ကွေ့ရှိ သင်္ဘောဖြတ်သန်းသွားလာမှုလမ်းကြောင်းများကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပကာ နိုင်ငံပေါင်း ၄၃ နိုင်ငံမှ စစ်ဘက်အကြီးအကဲများနှင့် ကိုယ်စားလှယ်များ၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့သည့် ရီယက်မြို့ အစည်းအဝေးပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Saudi Press Agency က သတင်းဖော်ပြခဲ့သည်။
ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ပါကစ္စတန်၊ တူကီယဲ၊ အီဂျစ်၊ ဂျော်ဒန်၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ဂျီဘူတီနှင့် ဆိုမာလီ စသည့်နိုင်ငံ ၁၄ နိုင်ငံက ယင်းမဟာမိတ်အဖွဲ့ကို ထောက်ခံကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ယခုနှစ်အတွင်း ဥရောပ၌ ဟက်တာ ၄၃၄,၀၀၀ ကျော် မီးလောင်ကျွမ်းဟု UNECE ဆို
ယခုနှစ်အတွင်း ဥရောပတစ်ခွင် ဟက်တာ ၄၃၄,၀၀၀ ကျော် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအား ကိုးကား၍ ဥရောပဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် (UNECE) က ဇူလိုင် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ ဂျီရွန်ဒီဒေသတွင် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးကြောင့် ထင်းရှူးတော ၄၂,၀၀၀ ဟက်တာခန့် ပျက်စီးခဲ့ကာ ဒေသခံနှင့် ခရီးသွားဧည့်သည် သောင်းနှင့်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။
စပိန်နိုင်ငံတွင်လည်း ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးတောမီးလောင်ကျွမ်းမှု ရာသီများအနက် တစ်ကြိမ်နှင့် ကြုံတွေ့ခဲ့ရကာ ဟက်တာ ၂၀၀,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ၎င်းတို့၏ သမိုင်းဝင် နှစ်စဉ်ပျမ်းမျှပမာဏထက် နှစ်ဆရှိကြောင်း UNECE သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျပန်နိုင်ငံ ကူမာမိုတို ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၃၄ ဦးအထိ ရှိလာ၊ ပြည်သူထောင်ပေါင်းများစွာ ငလျင်ရှောင်စခန်းများတွင် ဆက်လက်နေထိုင်ရ
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ယင်းသဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေဆဲရှိသူများအပါအဝင် ၃၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အဆိုပါစီရင်စုဆိုင်ရာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ်ထံမှ သိရသည်။
ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ်အစည်းအဝေး၌ ကူမာမိုတိုအစိုးရ တာဝန်ရှိသူများက သေဆုံးသူ ၃၄ ဦးရှိကြောင်း၊ ယင်းအနက် သေဆုံးသူ ကိုးဦးမှာ အင်အား ၇.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးခြင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ယာဆုရှီရိုမြို့ရှိ Nippon Paper စက်ရုံရှိ မီးခိုးခေါင်းတိုင် ပြိုကျပျက်စီးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ လူ ၁၀ ဦးအား ကယ်ဆယ်ရေးအဖွဲ့များက ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့အနက် ရှစ်ဦးမှာ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေဆဲလူတစ်ဦးကိုမူ ဇူလိုင် ၃၀ ရက် မွန်းတည့်ချိန်၌ အပျက်အစီးများအောက်၌ တွေ့ရှိခဲ့ကြောင်း၊ လူပုဂ္ဂိုလ်များ၏ အခြေအနေကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)
………..
(English Version)
Daily World Briefing, July 31
U.S. forces launch new strikes on Iran as conflict widens
U.S. forces on Wednesday night conducted fresh strikes against Iran in retaliation for Tehran's latest attacks as the conflict widened across the region.
The U.S. Central Command (CENTCOM) said on social media that its forces completed "a heavy wave of strikes" at 10 p.m. Eastern Time on Wednesday (0200 GMT Thursday) in response to Iran's attempted missile attacks a day earlier.
According to CENTCOM, U.S. forces struck dozens of targets belonging to Iran's Islamic Revolution Guard Corps, including military command centers, missile and drone facilities, coastal surveillance and defense sites, and maritime capabilities.
Houthi leader warns of "comprehensive escalation" as Riyadh launches maritime defense alliance
Yemen's Houthi leader Abdul-Malik al-Houthi on Thursday warned of a "comprehensive escalation" should Saudi Arabia intensify its military operations.
Saudi Arabia announces new maritime defense alliance amid regional tensions
Saudi Arabia announced Thursday the establishment of a multinational maritime defense alliance it said aimed at protecting shipping lanes in the Red Sea, the Bab al-Mandab Strait and the Gulf of Aden.
The announcement came after a meeting in Riyadh hosted by the Saudi Defense Ministry, which was attended by military chiefs and representatives from 43 countries and an EU delegation, the Saudi Press Agency reported.
Fourteen countries issued a joint declaration supporting the alliance, including Saudi Arabia, Kuwait, Bahrain, Qatar, Pakistan, Türkiye, Egypt, Jordan, Yemen, Bangladesh, Nigeria, Sudan, Djibouti and Somalia, it reported.
UNECE says over 434,000 hectares burned in Europe this year
More than 434,000 hectares have already burned across Europe this year, according to the latest available data, said the United Nations Economic Commission for Europe (UNECE) on Thursday.
Devastating fires in the Gironde region of France destroyed around 42,000 hectares of pine forest, and forced the evacuation of tens of thousands of residents and tourists.
Spain has experienced one of its worst wildfire seasons in decades, with more than 200,000 hectares burned, twice its historical annual average, according to a press release of UNECE.
Death toll from Japan's Kumamoto earthquake rises to 34, thousands remain in shelters
The death toll from the powerful earthquake that struck Japan's Kumamoto Prefecture has risen to 34, including cases still under investigation for links to the disaster, according to the prefectural disaster response headquarters.
At a disaster response headquarters meeting held Thursday afternoon, Kumamoto Prefecture Government officials announced that 34 people had died, including nine whose deaths are still being investigated to determine whether they were caused by the magnitude 7.1 tremor.
At a Nippon Paper factory in Yatsushiro City, where the earthquake caused a smokestack to collapse, rescue teams pulled 10 people from the site. Eight of them were confirmed dead, while two sustained injuries. Another person who had been missing was found in the rubble shortly after noon on Thursday, though the individual's condition has not yet been disclosed.








