ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပသော တရုတ်နိုင်ငံတကာ တက္ကသိုလ်ကျောင်းသား ဆန်းသစ်တီထွင်မှုပြိုင်ပွဲ (၂၀၂၆) အာဖရိကဒေသ ပြိုင်ပွဲ ဖိုင်နယ်ပွဲတွင် ပြိုင်ပွဲဝင်များက နန်ကျင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာမ (အလယ်) နှင့်အတူ မော်လီကျူး မျိုးပွားခြင်း နည်းပညာဖြင့် ပျိုးထောင်ထားသော မျိုးစေ့များအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အာဖရိလူငယ်များအမြင်တွင် တရုတ်နိုင်ငံက အာဖရိကဒေသအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ စဉ်ဆက်မပြတ် တိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက အာဖရိက၏ အရေးကြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်သောအနေအထားသည် တစ်ဆင့်တိုး ခိုင်မြဲလာကြောင်း တောင်အာဖရိက Ichikowitz Family ဖောင်ဒေးရှင်း (IFF) မကြာသေးမီက ထုတ်ပြန်သော “၂၀၂၆ ခုနှစ် အာဖရိကလူငယ်စစ်တမ်း” အစီရင်ခံစာအရ သိရသည်။

ယခုအကြိမ် စုံစမ်းစစ်ဆေးမှုကို ယခုနှစ် မတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အာဖရိကနိုင်ငံပေါင်း ၁၆ နိုင်ငံကို လွှမ်းခြုံထားကာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ် ၅,၀၀၀ နီးပါးအား တွေ့ဆုံမေးမြန်းမှု လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံက အခြားနိုင်ငံများအပေါ် သက်ရောက်မှုရှိသည်ဟု ယူဆသည့် မေးမြန်းမှုအား ဖြေကြားသူများတွင် အာဖရိကလူငယ်ပေါင်း ၉၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာသက်ရောက်မှုကို အပြုသဘောဆောင်စွာ သုံးသပ်ပြောကြားကြပြီး ၂၀၂၂ ခုနှစ်ထက်စာလျှင် ပွိုင့် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စစ်တမ်းများအရ သိရသည်။ တရုတ်နိုင်ငံက အာဖရိကလူငယ်များအပေါ် သက်ရောက်မှုအားသည် တစ်နေ့တခြား မြင့်တက်လာကြောင်း ယင်းအချက်အလက်များက ဖော်ပြလျက်ရှိသည်။

နှစ်ဖက်ဆက်ဆံရေးအပေါ် နားလည်သိမြင်မှုအပိုင်းတွင် မေးမြန်းမှုဖြေကြားသည့် အာဖရိကလူငယ် ၉၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ရှုမြင်ကြသည်။

အာဖရိကလူငယ်များသည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို ပိုမိုအလေးထားကြသည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။ မေးမြန်းမှုဖြေကြားသူ ၅၅ ရာခိုင်နှုန်းက အာဖရိကနိုင်ငံများအနေဖြင့် ၎င်းအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သယ်ဆောင်လာနိုင်သော မိတ်ဖက်များအား ဦးစားပေးရွေးချယ်သင့်သည်ဟု ပြောကြားကြသည်။ စစ်တမ်းစတင်လုပ်ဆောင်သူ Ivor Ichikowitz က “တရုတ်နိုင်ငံသည် အာဖရိကဒေသ အနာဂတ်အား အဆုံးအဖြတ်ပေးသည့် လူငယ်မျိုးဆက်၏ ယုံကြည်မှုအား ရရှိနေသည်” ဟု ဆိုခဲ့သည်။ (Xinhua)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ရိုဘီ နဂါးလှေပွဲတော် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပြပွဲတွင် တရုတ်ဗျပ်စောင်း တီးခတ်သူကို ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ရိုဘီ နဂါးလှေပွဲတော် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပြပွဲတွင် တရုတ်ဗျပ်စောင်း တီးခတ်သူကို ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

调查报告:非洲青年积极评价中国影响力

新华社约翰内斯堡7月30日电(记者蒋国鹏 白舸)近日,南非伊奇科维茨家庭基金会发布的《2026年非洲青年调查》报告显示,在非洲青年眼中,中国对非洲的积极影响力持续上升,中国作为非洲重要合作伙伴的地位进一步巩固。  

本次调查于今年3月启动,覆盖16个非洲国家,对近5000名18至24岁的青年进行了访谈。  

调查显示,在认为中国对其国家有影响力的受访者中,95%的非洲青年积极评价中国国际影响力,较2022年提升18个百分点。该数据表明中国对非洲青年的影响力日益增强。  

在双边关系认知方面,95%的受访非洲青年将中国视为友好合作伙伴。  

报告指出,非洲青年更加注重实际合作成果。55%的受访者表示,非洲国家应优先选择能为其带来贸易和投资的伙伴。调查发起人伊沃·伊奇科维茨表示:“中国正在赢得将决定非洲未来的年轻一代的信任。”(完)

图说1:7月27日,在肯尼亚首都内罗毕举行的中国国际大学生创新大赛(2026)非洲区域赛决赛活动现场,参赛选手与南京农业大学的老师(中)一起展示使用分子育种技术培育的种子。新华社记者 杨光 摄

图说2:6月20日,在肯尼亚内罗毕,演员在2026内罗毕端午非遗游园会现场演奏古筝。新华社记者 谢剑飞 摄