ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံအတွင်း နျူကလီးယားရေဆိုး သိုလှောင်ကန်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာ  ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံအတွင်း နျူကလီးယားရေဆိုး သိုလှောင်ကန်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


တိုကျို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)  

ဂျပန်နိုင်ငံ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ အသစ်တစ်ကြိမ်ထုတ်လွှတ်မှုကို ဇူလိုင် ၃၀ ရက်တွင် စတင်ခဲ့ပြီး ယင်းမှာ ယခုဘဏ္ဍာနှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်သလို စုစုပေါင်း ၂၂ ကြိမ်မြောက် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်ခြင်းလည်းဖြစ်သည်။

ဖူကူရှီးမား ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် ဇူလိုင် ၃၀ နံနက် ၁၁ နာရီ ၂၈ မိနစ် (ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၂၈ မိနစ်) တွင် TEPCO က ယခုအကြိမ် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှုကို စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ၏ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုအကြိမ်ထုတ်လွှတ်မှုကို ဩဂုတ် ၁၇ ရက်အထိ ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားရာ ထုတ်လွှတ်မည့် နျူကလီးယားရေဆိုး စုစုပေါင်းပမာဏသည် တန်ချိန် ၇,၈၀၀ ခန့်ရှိပြီး ယင်းတွင် ရေဒီယိုသတ္တိကြွ ထရိုင်တီယမ် (Tritium) ၁.၃ ထရီလီယံ ဘက်ကာရယ် (Bq)ခန့် ပါဝင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာအသိုက်အဝိုင်း၏ ပြင်းထန်သော သံသယဖြစ်မှုနှင့် ကန့်ကွက်မှုကို လျစ်လျူရှုကာ ဂျပန်နိုင်ငံသည် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှုကို တစ်ဖက်သတ်နှင့် အတင်းအကျပ် စတင်လုပ်ဆောင်ခဲ့သည်။ ယခုလ ၂၄ ရက်အထိ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှု စုစုပေါင်း ၂၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ထုတ်လွှတ်မှုပမာဏ စုစုပေါင်းမှာ တန်ချိန် ၁၆၅,၀၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua)

..............................

(Chinese Version)

日本开始第22轮核污染水排海

新华社东京7月30日电 日本东京电力公司30日启动福岛第一核电站新一轮核污染水排海,这是本财年第4轮也是总计第22轮核污染水排海。

据福岛当地媒体报道,当地时间30日11时28分(北京时间10时28分),东京电力公司开始本轮核污染水排海。  

根据东京电力公司28日发布的资料,本轮排海计划持续至8月17日,预计排放核污染水总量约7800吨,含放射性氚总量约1.3万亿贝克勒尔。  

2023年8月,日方无视国际社会的强烈质疑和反对,单方面强行启动福岛第一核电站核污染水排海。截至本月24日,共进行了21次核污染水排放,累计排放量约16.5万吨。(完)

图说:这是2017年10月12日在日本福岛第一核电站内拍摄的核废水储存罐。新华社发