
ခတ္တမန္ဒူ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ၏ ပထမဆုံး “တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူမှု” e-commerce ပလက်ဖောင်း Chynabazar.com ဝက်ဘ်ဆိုက်သည် ဇူလိုင် ၂၉ ရက်တွင် တရားဝင် စတင်ထုတ်လွှင့်ခဲ့ပြီး နီပေါနိုင်ငံမှ ဝယ်ယူသူများအတွက် တရုတ်နိုင်ငံရှိ စက်ရုံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် ထုတ်ကုန်များကို ပံ့ပိုးပေးမည်ဖြစ်သည်။
အဆိုပါ e-commerce ပလက်ဖောင်း အမှုဆောင်အရာရှိချုပ် Stutee Shrestha က လက်ရှိ နီပေါနိုင်ငံဈေးကွက်၌ သွင်းကုန် ကုန်ပစ္စည်းများသည် ပုံမှန်အားဖြင့် သွင်းကုန်တင်သွင်းသူ၊ လက်ကားရောင်းချသူ၊ ဖြန့်ချိရောင်းချသူ စသည့် အလွှာအထပ်ထပ် ကြားခံအဆင့်များကို ဖြတ်သန်းပြီးမှသာ ဝယ်ယူသူလက်ထဲသို့ ရောက်နိုင်သဖြင့် ဈေးနှုန်းအတန်အသင့်မြင့်မားကာ ပံ့ပိုးမှု တည်ငြိမ်ခြင်းမရှိကြောင်း၊ Chynabazar.com ဝက်ဘ်ဆိုက်သည် ကြားခံအဆင့်များကို ဖြေလျှော့ပေးခြင်းဖြင့် နီပေါနိုင်ငံမှ ဝယ်ယူသူများက ပိုမိုသင့်တင့်သောဈေးနှုန်းဖြင့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝက်ဘ်ဆိုက် စတင်ထုတ်လွှင့်ခါစတွင် အဓိကအားဖြင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်း၊ ဖက်ရှင်အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ကျန်းမာရေးသုံးပစ္စည်း အမျိုးအစားနှင့် အလှကုန်အမျိုးအစား ထုတ်ကုန်များ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ e-commerce ပလက်ဖောင်းသည် လအနည်းငယ်အတွင်း ထုတ်ကုန်အမျိုးအစားများကို တစ်ဆင့်ချင်းတိုးချဲ့ရန် စီစဉ်ထားပြီး လာမည့်နှစ်အနည်းငယ်အတွင်း နီပေါနိုင်ငံ အဓိကမြို့များကို လွှမ်းခြုံနိုင်သည့် offline ဆိုင်ကွန်ရက်များ တည်ဆောက်ရန် စီစဉ်ထားကြောင်း မိတ်ဆက်ချက်အရ သိရသည်။ (Xinhua)


--------------------------------------------------------------------------------------
(Chinese Version)
尼泊尔“中国直采”电商平台上线
新华社加德满都7月30日电(记者张平)尼泊尔首家“中国直采”电商平台“中国市场”网站29日正式上线,将为尼泊尔消费者提供直接从中国工厂采购的商品。
该电商平台首席执行官斯图蒂·什雷斯塔当天在发布会上说,目前尼泊尔市场上的进口商品通常需要经过进口商、批发商、分销商等多层中间环节才能到达消费者手中,导致价格偏高且供应不稳定。“中国市场”网站将通过简化中间环节,让尼泊尔消费者以更实惠价格买到优质商品。
据介绍,网站上线初期将主营电子产品、时尚服饰、生活用品、健康类以及美容类商品。这家电商平台打算在未来数月逐步扩充品类,并计划在今后几年内建立覆盖尼泊尔主要城市的线下体验店网络。(完)
English Caption 1, 2, 3: People visit an experience store of Chynabazar.com, a new e-commerce platform serving Nepali consumers with products made in China, in Lalitpur, Nepal, July 29, 2026. (Photo by Sulav Shrestha/Xinhua)








