
ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ဖက်ဒရယ် လုံခြုံရေးအဖွဲ့က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ လူမှုမီဒီယာ Telegram အား ဖန်တီးတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် Pavel Durov အား ရှာဖွေဖမ်းဆီးနေကြောင်း၊ ၎င်းသည် အကြမ်းဖက်လှုပ်ရှားမှုအား ကူညီဆောင်ရွက်ပေးခြင်း သံသယရှိမှုဖြင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံနေရပြီး တစ်ကမ္ဘာလုံး ဖမ်းဝရမ်းအမည်စာရင်းတွင် ထည့်သွင်းခံထားရကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ သတင်းထောက်လှမ်းရေးဌာနသည် Telegram ပလက်ဖောင်းမှ Channel ၊ chat tools များဖြင့် ရုရှားနိုင်ငံ ပြည်တွင်း၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လျှို့ဝှက်ကြံစည်မှု၊ အကြမ်းဖက်ဝါဒ လှုပ်ရှားမှုအား ထောက်ခံအားပေးမှု၊ သတ်ဖြတ်မှုနှင့် အွန်လိုင်းလိမ်လည်မှုတို့ကို လုပ်ဆောင်ခဲ့ရာ လူပုဂ္ဂိုလ် ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ဘီလီယံချီ နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း၊ Telegram အား စီမံခန့်ခွဲသည့်ဘက်ကမူ အထက်ပါ channel နှင့် chat tools များကို ပယ်ဖျက်ခြင်းမရှိကြောင်း၊ ရုရှားနိုင်ငံ ရာဇဝတ်မှုဥပဒေအရ Pavel Durov ကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှု လုပ်ဆောင်ပြီး ၎င်းအား တစ်ကမ္ဘာလုံး ဖမ်းဝရမ်းအမည်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ရုရှားနိုင်ငံ ဖက်ဒရယ် လုံခြုံရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့သည် ပဲရစ်မြို့ မြို့အစွန်အနီးရှိ Bourges လေဆိပ်တွင် Pavel Durov အား ဖမ်းဆီးခဲ့ပြီး ၎င်းအား တရားရုံးသို့ လွှဲပြောင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှု တရားဝင်စတင်၍ စွဲချက် ၁၀ ချက် တင်သွင်းခဲ့သည်။ အဆိုပါ စွဲဆိုချက်များအနက် ၎င်းစီမံခန့်ခွဲသည့် အင်တာနက်ပလက်ဖောင်းက တရားမဝင်အရောင်းအဝယ်ပြုလုပ်မှု ခွင့်ပြုခြင်း ပြစ်မှုကို အတည်ပြုနိုင်ပါက အများဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ပေသည်။ Pavel Durov သည် ထိုနေ့တွင် ယူရို ၅ သန်း ပေးဆောင်ပြီးနောက် အာမခံရခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။
Pavel Durov သည် ရုရှားနိုင်ငံ၌ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိတွင် အသက် ၄၁ နှစ်ရှိပြီဖြစ်ကာ ပြင်သစ်နိုင်ငံနှင့် ယူအေအီးနိုင်ငံ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသည်။ Pavel Durov သည် ယမန်သီတင်းပတ်က Telegram တွင် ပို့စ်တင်၍ ၎င်းသည် ဂျော်ဂျီယာနိုင်ငံ၌ ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ၎င်းလက်ရှိမည်သည့်နေရာ၌ ရှိနေသည်ကိုမူ အတည်မပြုနိုင်ပေ။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
俄罗斯寻求逮捕“电报”创始人
新华社北京7月30日电 俄罗斯联邦安全局29日发布声明,寻求逮捕社交媒体“电报”创始人、首席执行官帕维尔·杜罗夫,他因涉嫌协助恐怖活动受到刑事指控,被列入全球通缉名单。
俄联邦安全局在声明中说,乌克兰情报部门利用“电报”平台的频道、聊天工具密谋在俄罗斯境内搞破坏、支持恐怖主义活动、谋杀及网络诈骗,导致重大人员伤亡及数十亿美元财产损失,而“电报”管理方没有删除上述频道和聊天工具。依据俄罗斯刑法,对杜罗夫提起刑事指控并把他列入全球通缉名单。
2024年8月24日,法国警方在巴黎近郊的布尔歇机场逮捕杜罗夫,并将其移交法院。同年8月28日,法国检方正式启动调查,提出10项指控,其中管理的网络平台纵容非法交易罪名若成立,最重可判10年监禁。杜罗夫当天缴纳500万欧元后获得保释,于2025年11月离开法国。
杜罗夫在俄罗斯出生,现年41岁,持有法国、阿联酋护照。杜罗夫上周在“电报”发文称身在格鲁吉亚,但他眼下身处何处仍不明确。(包雪琳)
图说:2026年5月16日,行人走在俄罗斯首都莫斯科街头。新华社记者冯开华摄








