
ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၈ နာရီမှစ၍ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ အမေရိကန်စစ်တပ်၏ ဇူလိုင် ၂၄ ရက်မှ စတင်သော ခေတ္တ အပစ်ရပ်မှုကို အဆုံးသတ်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) သည် ဇူလိုင် ၂၉ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုသည် အီရန်က ရှေ့တစ်ရက်တွင် အရှေ့အလယ်ပိုင်းဒေသ၌ အခြေစိုက်သော အမေရိကန်စစ်တပ်အား တိုက်ခိုက်မှုအတွက် တုံ့ပြန်မှုပင်ဖြစ်ကြောင်း သတင်းအရ သိရသည်။
အမေရိကန် သမ္မတ ထရမ့်က အရှေ့အလယ်ပိုင်းဒေသ၌ အခြေစိုက်သော အမေရိကန်စစ်တပ်အား အီရန် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဟု ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် အိမ်ဖြူတော်၌ မီဒီယာများကို ပြောကြားခဲ့ပြီး အီရန်ကို “ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်” ဖြစ်ကြောင်း၊ “ဘာလို့လဲဆိုတော့ အခု ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်ဖို့ အလှည့်ကျနေပြီမို့လို့ပါ” ဟု ခြိမ်းခြောက် ပြောကြားခဲ့သည်။
အီရန်သည် ဇူလိုင် ၂၈ ရက်တွင် အရှေ့အလယ်ပိုင်းဒေသ၌ အခြေစိုက်သော အမေရိကန်စစ်တပ်အား ပဲ့ထိန်းဒုံးကျည်ဖြင့် ရုတ်တရက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ အမေရိကန်စစ်တပ်က တိုက်ခိုက်လာသော ဒုံးကျည်အားလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း CENTCOM က ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီ အမေရိကန်စစ်တပ်သည် ဇူလိုင် ၂၄ ရက်မှစ၍ အီရန်အပေါ် ၁၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကို ယာယီရပ်တန့်ခဲ့ပြီး ထို့နောက် ရက်အနည်းငယ်အတွင်း အမေရိကန်စစ်တပ်က တိုက်ခိုက်မှုအသစ် ထပ်မံလုပ်ဆောင်ခဲ့ခြင်း မရှိပေ။
အမေရိကန်စစ်တပ်သည် အီရန်အပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုကို ဆက်လက်တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇူလိုင် ၂၉ ရက်အထိ အမေရိကန်စစ်တပ်သည် စီးပွားရေးလုပ်ငန်းသုံးသင်္ဘော အစင်း ၂၀ ကို ရေကြောင်းသွားလာမှုလမ်းကြောင်း ပြောင်းလဲရန် တောင်းဆိုခဲ့ပြီး သင်္ဘော ၂ စင်းကို ဆက်လက်ခုတ်မောင်းနိုင်စွမ်း မရှိအောင် လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် သင်္ဘော ၂ စင်းကို သင်္ဘောပေါ် တက်ရောက်စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်းလည်း CENTCOM က ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美军结束短暂停火恢复对伊朗打击
新华社华盛顿7月29日电(记者黄强 徐剑梅)美军中央司令部29日在社交媒体发布消息说,美军于美国东部时间29日20时开始对伊朗发动空袭,从而结束了美军自24日开始的短暂停火。
消息称,此次空袭是对伊朗前一日企图袭击驻中东美军的回应。
美国总统特朗普29日下午在白宫对媒体表示,将对伊朗袭击驻中东美军进行报复,威胁将“狠狠打击”伊朗,“因为现在轮到我们打击他们了”。
美军中央司令部28日发布消息说,伊朗当天对驻中东美军发动导弹突袭,美军拦截了所有来袭导弹。此前,美军于24日起暂停对伊朗已持续13天的空袭,此后数日美军未发动新的袭击。
美军中央司令部还说,美军继续严格执行对伊朗的海上封锁,截至29日,美军已迫使20艘商船改变航线,令2艘船只丧失航行能力,并对2艘船只进行了登船检查。(完)
图说:这是5月11日在美国首都华盛顿拍摄的白宫。新华社记者李睿摄








