ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသောနေအိမ်ကို 
၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသောနေအိမ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ထိပ်တန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၀ ရက်၌ ပြောကြားခဲ့သည်။

အင်အား ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုနှင့် ဆက်စပ်နိုင်ခြေရှိကြောင်း စုံစမ်းစစ်ဆေးနေဆဲ သေဆုံးသူများ အပါအဝင် ဒေသစံတော်ချိန် နံနက် ၆:၃၀ နာရီအထိ နောက်ဆုံး သေဆုံးသူအရေအတွက်ကို သတင်းစာရှင်းလင်းပွဲ၌ အစိုးရအဖွဲ့အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာက ပြောခဲ့သည်။

ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့်  လူ ၁၇ ဦး သေဆုံးခဲ့ပြီး အခြားသူ ခြောက်ဦးမှာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း၊ အခြားသူ တစ်ဦးထက်မနည်းမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကူမာမိုတိုစီရင်စု တာဝန်ရှိသူများက ဇူလိုင် ၃၀ ရက် နံနက်ပိုင်း၌ ကျင်းပသော သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ် အစည်းအဝေး၌ ပြောခဲ့သည်။

အဆိုပါ စီရင်စုတစ်ခွင် ငလျင်ရှောင်စခန်း ၄၁၅ ခု ဖွင့်လှစ်ထားကာ ဒေသခံ ၁၀,၄၆၇ ဦး ခိုလှုံလျက်ရှိကြောင်း စီရင်စုဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် ကူမာမိုတိုစီရင်စု အနောက်တောင်ပိုင်းရှိ အိမ်ထောင်စု ၂၂,၉၅၀ ခန့်မှာလည်း လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။  (Xinhua)

……………………………………..

(English Version)

Kumamoto earthquake death toll reaches 28 including suspected cases: Japan gov't

TOKYO, July 30 (Xinhua) -- Japan's top government spokesperson said Thursday that the death toll from the Kumamoto earthquake has risen to 28.

Chief Cabinet Secretary Minoru Kihara said at a press conference that the latest figure, as of 6:30 a.m. local time, included those whose deaths are still being investigated for possible links to the magnitude 7.1 tremor.

Meanwhile, at a disaster response headquarters meeting held Thursday morning, Kumamoto Prefecture officials said 17 people had been confirmed dead and six others were in cardiac arrest following the powerful earthquake, while at least one other person remains unaccounted for.

Prefectural officials also said that 415 evacuation shelters have been opened across the prefecture, with 10,467 people taking refuge there.

In addition, power outages have affected approximately 22,950 households in the southwestern prefecture.

Photo: This photo taken on July 29, 2026, shows a damaged house after an earthquake in Kumamoto Prefecture, Japan. (Xinhua/Jia Haocheng)