
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ဘရာဇီးလက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု နေမာက အတည်ပြုခဲ့ပြီး ၎င်းအနေဖြင့် နိုင်ငံတကာပွဲစဉ်များတွင် ယှဉ်ပြိုင်ကစားရန် ဆန္ဒမရှိတော့ဟု ဝန်ခံပြောဆိုခဲ့သည်။
ဘရာဇီးအသင်းအတွက် ပွဲပေါင်း ၁၃၀ ကစားပေးခဲ့ကာ ဂိုး ၈၀ သွင်းယူထားသည့် အသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သူ အသက် ၃၄ နှစ်အရွယ် နေမာက ၎င်းအနေဖြင့် ၁၆ နှစ်ကြာ ဖြတ်သန်းခဲ့သည့် လက်ရွေးစင်ကစားသမားဘဝအတွက် နောင်တမရဟု ဆိုသည်။
"နိုင်ငံအသင်းနဲ့အတူ ရှိနေရမယ့် အချိန်တွေက ကုန်လွန်ခဲ့ပြီလို့ ထင်ပါတယ်" ဟု နေမာက သတင်းထောက်များကို ပြောကြားခဲ့သည်။ "ကျွန်တော် ဒီအသင်းမှာ သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီး အဲဒီအတွက်လည်း သိပ်ကိုကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီအသင်းမှာ အဖြစ်အပျက်တွေအများကြီး ကြုံခဲ့ရပြီး အစွမ်းကုန်ပေးဆပ်ကစားရင်း အဝါရောင်ဂျာစီအင်္ကျီအတွက် အမြဲတမ်း အပြင်းအထန်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီအရာကို ဆက်လုပ်ဖို့ ဆန္ဒမရှိတော့ဘူးလို့ထင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
နေမာက နိုင်ငံအသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားခဲ့ကြောင်း ဇူလိုင် ၆ ရက်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်အပြီးတွင် အရိပ်အမြွက် ပြောဆိုထားပြီးဖြစ်သည်။
၎င်းအနေဖြင့် အသင်းအတွက် နောက်ထပ်ပေးဆပ်စရာ မရှိတော့ဟု အဆိုပါပွဲစဉ်အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ "ကျွန်တော် ကြိုးစားခဲ့ပြီးပြီ။ ကြိုးစားခဲ့ပြီးပါပြီ။ အခုတော့ ပြီးဆုံးသွားပြီပေါ့" ဟုလည်း ၎င်းက ပြောသည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း နေမာမှာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်း၌ ဆက်လက်ကစားသွားမည်ဖြစ်ပြီး ၎င်း၏စာချုပ်သက်တမ်းမှာ ဒီဇင်ဘာလ၌ ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
......................................................................................
(English Version)
Neymar: My time with Brazil has passed
RIO DE JANEIRO, July 29 (Xinhua) -- Neymar has confirmed his retirement from Brazil's national team, admitting that he no longer has the hunger for international football.
The 34-year-old, Brazil's all-time leading scorer with 80 goals in 130 appearances, said he had no regrets about his 16-year international career.
"I think my time with the national team has already passed," he told reporters. "I made history there, and I'm very happy about it. I experienced a lot there, gave my blood and my life, and always fought and battled for the yellow jersey. But I don't think I want it anymore."
Neymar had already suggested he had played his last game for his country after Brazil's 2-1 defeat by Norway in the World Cup round of 16 on July 6.
After the game, he told reporters that he had nothing more to give. "I tried, I tried. Now it's over."
The former Barcelona and Paris Saint-Germain forward continues to play for Brazilian club Santos, where his contract is due to expire in December.
English Caption 1
Neymar (L) of Brazil warms up during the group C match between Scotland and Brazil at the 2026 FIFA World Cup at Miami Stadium, Miami, the United States, June 24, 2026. (Xinhua/Zhang Chen)
English Caption 2
Neymar (front) of Brazil scores from a penalty spot during the round of 16 match between Brazil and Norway at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 5, 2026. (Xinhua/Lui Siu Wai)








