အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရေနံချက်စက်ရုံပေါ်မှ လေယာဉ်တစ်စင်း ဖြတ်သန်းသွားသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရေနံချက်စက်ရုံပေါ်မှ လေယာဉ်တစ်စင်း ဖြတ်သန်းသွားသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန် နောက်ဆုံးဖြစ်ပေါ်နေသည့်အလားအလာ စသည့်အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဇူလိုင် ၂၉ ရက်တွင် သိသိသာသာ မြင့်တက်လာရာ နယူးယောက်ရေနံစိမ်းအနာဂတ်ဈေးနှုန်းနှင့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းများသည် အရောင်းအဝယ်ကာလအတွင်း ၇ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် အီရန်၏ ရုတ်တရက် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန် Fox News ချန်နယ်က ဇူလိုင် ၂၉ ရက်တွင် ဖော်ပြထားသည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အထိ နယူးယောက် ကုန်စည်ဒိုင် (NYMEX) တွင် စက်တင်ဘာလအတွက် ပို့ဆောင်ရမည့် အပေါ့စားရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၈၄.၈၂ ဒေါ်လာအထိ မြင့်တက်လာပြီး ကန်ဒေါ်လာ ၅.၅၆ ဒေါ်လာ၊ ၇.၀၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စက်တင်ဘာလအတွက် ပို့ဆောင်ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာလည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၉၀.၂၄ ဒေါ်လာအထိ မြင့်တက်လာပြီး ကန်ဒေါ်လာ ၆.၁၅ ဒေါ်လာ၊ ၇.၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်က ဇူလိုင် ၂၈ ရက်တွင် အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်စစ်တပ်ကို ဒုံးကျည်များဖြင့် လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်တပ်က တိုက်ခိုက်လာသည့် ဒုံးကျည်အားလုံးကို တားဆီးနိုင်ခဲ့ကြောင်း၊ အမေရိကန်စစ်တပ်နှင့် ဆော်ဒီအာရေဗျစစ်တပ်များကမူ အီရတ်နယ်မြေအတွင်းရှိ “အီရန်ထောက်ခံအားပေးသည့်” ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၂၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရိုက်ကူးထားသည့် ဆီဈေးနှုန်း ဖော်ပြထားသည့်ဆိုင်းဘုတ်အား 
၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် လင်ဒန်မြို့တွင် ရိုက်ကူးထားသည့် ဆီဈေးနှုန်း ဖော်ပြထားသည့်ဆိုင်းဘုတ်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

美国威胁打击伊朗 国际油价涨超7%

新华社纽约7月29日电(记者刘亚南)受美国和伊朗最新动向等因素影响,国际原油期货价格29日显著上涨,纽约原油期货价格与伦敦布伦特原油期货价格盘中涨幅均超7%。   

据美国福克斯新闻频道29日报道,美国总统特朗普表示将对伊朗发动打击,以回应伊朗对驻中东美军发动的突然袭击。   

截至美东时间29日9时30分,纽约商品交易所9月交货的轻质原油期货价格一度升至每桶84.82美元,上涨5.56美元,涨幅为7.01%;9月交货的伦敦布伦特原油期货价格一度升至每桶90.24美元,上涨6.15美元,涨幅为7.31%。     

美军中央司令部28日在社交媒体发布消息说,伊朗当天对驻中东美军发动导弹突袭,美军拦截了所有来袭导弹。美军和沙特军队则对伊拉克境内“受伊朗支持的”目标进行了打击。(完)

1. 7月29日,在美国新泽西州林登市,一架飞机飞过炼油厂。新华社记者张凤国摄

2. 这是7月29日在美国新泽西州林登市拍摄的加油站价格牌。新华社记者张凤国摄