ရိုမေးနီးယားနိုင်ငံ နယ်စပ်မြို့ Galati ရှိ လူနေတိုက်ခန်းအဆောက်အအုံပေါ် ဒရုန်းပျက်ကျသည့်နေရာကို စုံစမ်းစစ်ဆေးနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရိုမေးနီးယားနိုင်ငံ နယ်စပ်မြို့ Galati ရှိ လူနေတိုက်ခန်းအဆောက်အအုံပေါ် ဒရုန်းပျက်ကျသည့်နေရာကို စုံစမ်းစစ်ဆေးနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုဖီယာ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်တွင် ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံတမန်တစ်ဦးကို “မကြိုဆိုအပ်သောသူ” အဖြစ် ကြေညာခဲ့ပြီး ၎င်းကို ငါးရက်အတွင်း နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုကြောင်း ကြေညာခဲ့သည်။

ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီး Oana-Silvia Toiu က ဇူလိုင် ၂၇ ရက်တွင် ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။ ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုအကြိမ်ဆင့်ခေါ်မှုသည် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အတွင်း ရုရှားက ၎င်းတို့နိုင်ငံလေပိုင်နက်ကို အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်မှုအပေါ် သဘောထားတင်းမာစွာ တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရိုမေးနီးယားပိုင်နက်အတွင်း ပစ်ချခဲ့ရသော ဒရုန်း အပျက်အစီးများကို ရုရှားထံ ပြသခဲ့ပြီး ဤဒရုန်းအစိတ်အပိုင်းများသည် ရုရှားမှ လာခြင်းဖြစ်ကြောင်း ရိုမေးနီးယားဘက် စုံစမ်းစစ်ဆေးမှုများက တရားဝင်အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းမတိုင်မီ ရိုမေးနီးယားနိုင်ငံသည် သုံးရက်ဆက်တိုက် ၎င်းတို့လေပိုင်နက်အား ကျူးကျော်ဝင်ရောက်လာသော ဒရုန်း ၃ စင်းကို ပစ်ချခဲ့သည်။

မေ ၂၉ ရက်တွင် ရုရှားဒရုန်းတစ်စင်းသည် ရိုမေးနီးယားနိုင်ငံ လူနေတိုက်ခန်းအဆောက်အအုံတစ်လုံးပေါ်တွင် ပျက်ကျပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးဒဏ်ရာရခဲ့သည်။ ရိုမေးနီးယားနိုင်ငံ သမ္မတ Nicusor Dan က မေ ၂၉ ရက်တွင် Constanta မြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်အား “မကြိုဆိုအပ်သောသူ” အဖြစ် ကြေညာခဲ့ပြီး အဆိုပါ ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်သိမ်းခဲ့သည်။ ဇွန် ၂၅ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စိန့်ပီတာစဘတ်စ်မြို့ရှိ ရိုမေးနီးယား ကောင်စစ်ဝန်ချုပ်အား “မကြိုဆိုအပ်သောသူ” အဖြစ် ကြေညာကာ အဆိုပါ ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်သိမ်းခဲ့သည်။ (Xinhua)

.....................

(Chinese Version)

罗马尼亚因无人机事件驱逐俄罗斯外交官

新华社索非亚7月27日电(记者周海伦)布加勒斯特消息:罗马尼亚外交部27日宣布将俄罗斯驻罗马尼亚使馆一名外交官列为“不受欢迎的人”,要求其在5日内离境。  

罗马尼亚外交部长瓦娜·措尤27日召见俄驻罗大使。罗外交部称,此次召见是对7月24日至26日间俄罗斯多次侵犯该国领空的强硬回应。罗外交部向俄方展示了在罗境内被击落的无人机残骸,并称罗方调查已正式确认这些无人机部件来自俄罗斯。

此前,罗马尼亚连续3天相继击落3架侵犯其领空的无人机。  

5月29日,一架俄罗斯无人机在罗马尼亚一栋公寓楼坠毁并引发火灾,致两人受伤。罗马尼亚总统达恩5月29日宣布俄驻康斯坦察总领事为“不受欢迎的人”,并关闭该总领事馆。6月25日,俄罗斯外交部宣布罗马尼亚驻圣彼得堡总领事为“不受欢迎的人”,关闭该总领事馆。(完)

图说:5月29日,工作人员在罗马尼亚边境城市加拉茨一栋公寓楼的无人机坠毁现场勘查。新华社发(克里斯泰尔摄)