အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က ဘရာဇီးအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် ဘရာဇီးအသင်းမှ ကက်စီမီရို ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က ဘရာဇီးအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် ဘရာဇီးအသင်းမှ ကက်စီမီရို ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အင်တာမိုင်ယာမီအသင်းက ဘရာဇီးကွင်းလယ်လူ ကက်စီမီရိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု ဇူလိုင် ၂၂ ရက်၌ ကြေညာခဲ့ရာ အသင်းအနေဖြင့် လီယွန်နယ် မက်ဆီ ပါဝင်သော အသင်းလူစာရင်းထဲသို့ ကမ္ဘာ့ဘောလုံးလောက၏ အကျော်ကြားဆုံး ကစားသမားများထဲမှ တစ်ဦးကို ထပ်မံအားဖြည့်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါကြေညာချက် ထွက်ပေါ်လာပြီးနောက် MLS အဖွဲ့ချုပ်က ထိုအပြောင်းအရွှေ့၌ မူမမှန်သည့် အခြေအနေများ ရှိနေသည်ဆိုသောအချက်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန်လတွင် မန်ချက်စတာယူနိုက်တက်အသင်းမှ ထွက်ခွာခဲ့သည့် အသက် ၃၄ နှစ်အရွယ် ကက်စီမီရိုအနေဖြင့် ၂၀၂၇ ခုနှစ် နှစ်ကုန်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ် ချုပ်ဆိုရန် သဘောတူခဲ့ကာ ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးခွင့်ရှိကြောင်း အင်တာမိုင်ယာမီအသင်းက ဆိုသည်။

ကက်စီမီရိုက ၎င်းအနေဖြင့် ယူနိုက်တက်တွင် လေးနှစ်ကြာကစားခဲ့ပြီးနောက် လမ်းခွဲရန် နှစ်ဦးနှစ်ဖက်စလုံးက ဆုံးဖြတ်ခဲ့သည်ဟု ယခုနှစ် ဇန်နဝါရီလ၌ အတည်ပြုခဲ့သည်။ အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသအဖြစ် ကက်စီမီရိုအတွက် discovery rights ကို အယ်လ်အေ ဂလက်ဆီအသင်းထံမှ ရရှိခဲ့ပြီးဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ စည်းမျဉ်းများအရ ကလပ်အသင်းတစ်သင်းအနေဖြင့် ၎င်းတို့ခေါ်ယူရန် စိတ်ဝင်စားသည့် ကစားသမားစာရင်း၌ ကစားသမားငါးဦးအထိ ထည့်သွင်းနိုင်ကာ အဆိုပါစာရင်းထဲမှ ကစားသမားများကို ခေါ်ယူရာတွင် လိဂ်ပြိုင်ပွဲမှ အခြားအသင်းများထက် ဦးစားပေးအခွင့်အရေး ရရှိမည်ဖြစ်သည်။ အဆိုပါ စည်းမျဉ်းအရ ဂလက်ဆီအသင်းက ကက်စီမီရိုအား ခေါ်ယူနိုင်ရန် ဦးစားပေးအခွင့်အရေး ရရှိထားသည့်အတွက် အင်တာမိုင်ယာမီအသင်းအနေဖြင့် ၎င်းအား မခေါ်ယူမီ ဂလက်ဆီနှင့် သဘောတူညီမှုရယူနိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။

ကက်စီမီရိုမှာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်ဆွတ်ခူးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ကာ အသင်းအား လိဂ်ဖလားနှင့် အက်ဖ်အေဖလား ဆွတ်ခူးနိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။ ၎င်းအနေဖြင့် ဘရာဇီးအသင်းအတွက် ၉၁ ပွဲ ပါဝင်ကစားခဲ့ကာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဘရာဇီးအသင်း၏ ပွဲစဉ်ငါးပွဲစလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း အသင်းမှာ ၁၆ သင်းအဆင့်၌ ထွက်ခွာခဲ့ရသည်။

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ် ဘက်ခမ်းက ကက်စီမီရိုအား ခေါ်ယူနိုင်ခဲ့ခြင်းကို ကြိုဆိုခဲ့ပြီး အဆိုပါကစားသမားမှာ ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာယူနိုက်တက်တို့တွင် ကစားသမားဘဝ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

ကက်စီမီရိုကလည်း "ကျွန်တော့်ကို စိတ်ဓာတ်ခွန်အား အပေးနိုင်ဆုံးနဲ့ ကစားသမားတိုင်းအတွက် အမြဲတမ်းမှန်ကန်နေမယ့် အရာကတော့ အောင်ပွဲတွေရယူဖို့နဲ့ အဆက်မပြတ် တိုးတက်နေဖို့ပဲလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

.........................................................................

(English Version)

Casemiro joins Inter Miami amid tampering probe

NEW YORK, July 22 (Xinhua) -- Inter Miami said Wednesday it completed the signing of Brazilian midfielder Casemiro as a free agent, adding one of the biggest names in world football to a squad that already features Lionel Messi.

The announcement was followed by news that the MLS had launched an investigation into alleged irregularities involving the move.

Inter Miami said the 34-year-old, who left Manchester United in June, agreed to a contract that runs until the end of 2027, with an option to extend to June 2029.

Casemiro confirmed in January that he and United had mutually decided to part ways after four years. In its statement, Inter Miami said it had obtained Casemiro's discovery rights from LA Galaxy as part of the transfer.

Under MLS rules, a club may place up to five players on a discovery list, giving it first option to sign any of them ahead of other league clubs. Galaxy had held that priority over Casemiro, meaning Inter Miami needed to reach an agreement with the Californian club before it could pursue him.

Casemiro won five Champions League titles at Real Madrid before joining Manchester United in 2022, going on to help the club lift the League Cup and FA Cup. He has earned 91 caps for Brazil and started all five of Brazil's matches at this year's World Cup before the team's round of 16 exit.

Inter Miami co-owner David Beckham welcomed the signing, calling Casemiro "a winner who has achieved so much in the game" over his career at Real Madrid and Manchester United. Casemiro himself said in the club's statement: "What motivates me the most, and I think this is true for every player, is winning and continuing to grow."

English Caption 1

Casemiro of Brazil celebrates a goal during the round of 32 match between Brazil and Japan at the 2026 FIFA World Cup at Houston Stadium in Houston, the United States, June 29, 2026. (Xinhua/Li Ming)

English Caption 2

Casemiro of Brazil arrives before the group C match between Brazil and Morrocco at the 2026 FIFA World Cup at New York New Jersey Stadium in New York, the United States, June 13, 2026. (Xinhua/Xu Chang)