
တီဟီရန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်က အီရန်၏ နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မည်ဆိုပါက အီရန်သည် ၎င်းကို ဒေသတွင်းပဋိပက္ခအား အဆင့်မြှင့်တင်မှုအဖြစ် ရှုမြင်မည်ဖြစ်ကြောင်း အီရန် လက်နက်ကိုင်အဖွဲ့ Khatam al-Anbiya ဗဟိုဌာနချုပ်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အီရန်၏ Pickaxe Mountain မြေအောက် နျူကလီးယားအဆောက်အဦအား မကြာမီ တိုက်ခိုက်နိုင်ခြေရှိသည်ဟု အစောပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်က အိမ်ဖြူတော်တွင် မီဒီယာများကို ပြောကြားခဲ့သည်။
အီရန် လက်နက်ကိုင်အဖွဲ့ Khatam al-Anbiya ဗဟိုဌာနချုပ်က ယင်းအပေါ် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်သည် အီရန်၏ နျူကလီးယားအဆောက်အဦနှင့် အခြား အကဲဆတ်သော အဆောက်အဦးများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ အမေရိကန်စစ်တပ်က ထိုကဲ့သို့လှုပ်ရှားမှု လုပ်ဆောင်ပါက အီရန်အနေဖြင့် ၎င်းကို ဒေသတွင်းပဋိပက္ခ အဆင့်မြှင့်တင်မှုအဖြစ် ရှုမြင်မည်ဖြစ်ပြီး အမေရိကန်၊ အမေရိကန် မဟာမိတ်နှင့် အမေရိကန်ထောက်ခံသူများပိုင်ဆိုင်သော အကျိုးစီးပွားအားလုံးသည် အီရန်လက်နက်ကိုင်အင်အားစု၏ အားကောင်းသော တုံ့ပြန်မှုပစ်မှတ်များ ဖြစ်သွားမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
Pickaxe Mountain သည် အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ် Natanz နျူကလီးယားအဆောက်အဦ အနီးတစ်ဝိုက်တွင် တည်ရှိပြီး အီရန်နိုင်ငံ၏ အခိုင်ခံ့ဆုံး မြေအောက်နျူကလီးယားအဆောက်အဦများအနက် တစ်ခုဖြစ်သည်ဟု ယူဆခံရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
伊朗武装部队回应特朗普袭击核设施言论
新华社德黑兰7月22日电 伊朗武装部队哈塔姆安比亚中央总部22日说,若美军袭击伊朗核设施,伊朗将视其为地区冲突升级。
稍早前,美国总统特朗普在白宫对媒体说,美国“可能很快”打击伊朗“镐山”地下核设施。
伊朗武装部队哈塔姆安比亚中央总部对此发表声明回应说,美国威胁要袭击伊朗核设施和其他敏感设施。如果美军采取此类行动,伊朗将视其为地区冲突升级,所有属于美国、美国盟友及美国支持者的利益,都将成为伊朗武装力量强力回击的目标。
“镐山”位于伊朗中部伊斯法罕省纳坦兹核设施附近,被认为是伊朗最坚固的地下核设施之一。(完)
图说:3月4日,在伊朗首都德黑兰市中心革命广场,民众集会谴责美国和以色列对伊朗的军事行动。 新华社记者 沙达提 摄







