
ဂျီနီဗာ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၇ ပွဲနိုင်၊ ၁ ပွဲသရေကျကာ ရှုံးပွဲလုံးဝမရှိဘဲ ဒုတိယမြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် စပိန်အသင်းမှာ ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
စပိန်အသင်းအနေဖြင့် ၁,၉၉၅.၈၈ မှတ်ဖြင့် အာဂျင်တီးနားအသင်းကို ကျော်တက်ကာ အဆင့်-၁ နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကမူ ဗိုလ်လုပွဲတွင် စပိန်အသင်းကို အချိန်ပို၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်-၂ သို့ ကျဆင်းသွားခဲ့သည်။
စပိန်အသင်းမှာ ဧပြီလမတိုင်မီကလည်း ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။
ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် အင်္ဂလန်က ပြင်သစ်ကို ၆-၄ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပြင်သစ်က အဆင့်-၃ နှင့် အင်္ဂလန်က အဆင့်-၄ တွင် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ထိပ်ဆုံး ၁၀ သင်းနေရာ၌ သိသာထင်ရှားသည့် အခြားအပြောင်းအလဲများလည်း ဖြစ်ပေါ်ခဲ့သည်။
ဘရာဇီးအသင်းက အဆင့် တစ်ဆင့်တက်ကာ အဆင့်-၅ သို့ ရောက်ရှိလာခဲ့သလို မော်ရိုကိုအသင်းကလည်း အဆင့်တစ်ဆင့်တက်ကာ အဆင့်-၆ သို့ တက်လှမ်းနိုင်ခဲ့သည်။ ပေါ်တူဂီအသင်းမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့်နောက် အဆိုပါနှစ်သင်းမှာ အဆင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီကမူ အဆင့်-၇ သို့ ရောက်ရှိသွားခဲ့သည်။ ဘယ်လ်ဂျီယမ်အသင်းက နယ်သာလန်ကိုကျော်တက်ကာ အဆင့်-၈ သို့ ရောက်ရှိလာခဲ့ပြီး မက္ကဆီကိုအသင်းကမူ ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း ထိပ်ဆုံး ၁၀ သင်းထဲသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။
ဂျာမနီအသင်းမှာ ထိပ်ဆုံး ၁၀ သင်းထဲတွင် ပါဝင်လာခြင်းမရှိတော့ဘဲ အဆင့်-၁၂ သို့ ကျဆင်းသွားကာ ကိုလံဘီယာအသင်းကမူ အဆင့်-၁၁ သို့ တက်လှမ်းနိုင်ခဲ့သည်။ ဆွစ်ဇာလန်အသင်းက ထိပ်တန်းအသင်းများအနက် အဆင့်အများဆုံး တက်လာနိုင်ခဲ့ပြီး အဆင့်ငါးဆင့်တက်ကာ အဆင့်-၁၄ သို့ ရောက်ရှိလာခဲ့သလို ဂျပန်အသင်းကလည်း အာရှ၏ အဆင့်သတ်မှတ်ချက်အမြင့်ဆုံး အသင်းအဖြစ် အဆင့်-၁၇ ၌ ရပ်တည်နေဆဲဖြစ်သည်။
လတ်တလော အဆင့်သတ်မှတ်သည့်ကာလအတွင်း ပွဲစဉ်ပေါင်း ၁၀၅ ပွဲ ကစားခဲ့ကာ ၁၀၄ ပွဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ (Xinhua)
.............................................................................................................
(English Version)
World Cup winner Spain overtakes Argentina to reclaim top spot in FIFA rankings
GENEVA, July 21 (Xinhua) -- Spain returned to the top of the FIFA rankings on Monday after going unbeaten at the 2026 World Cup, where it won seven matches and drew one en route to its second world title.
FIFA said Spain collected 1,995.88 points to reclaim the No. 1 position, replacing Argentina, which dropped to second after losing 1-0 to Spain in the final after extra time.
Spain had previously held the top ranking before April.
France and England remained third and fourth, respectively, despite England defeating France 6-4 in the third-place playoff at the World Cup. There was significant movement elsewhere in the top 10 following the tournament.
Brazil climbed one place to fifth, while Morocco moved up one spot to sixth. Both benefited from Portugal's fall to seventh after the European side failed to reach the quarterfinals. Belgium moved above the Netherlands into eighth, while Mexico returned to the top 10 for the first time since March 2022.
Germany dropped out of the top 10 to 12th, with Colombia moving up to 11th. Switzerland made the biggest jump among the leading teams, rising five places to 14th, while Japan remained Asia's highest-ranked team at 17th.
A total of 105 matches were played during the latest ranking period, with 104 coming at the 2026 World Cup.
English Caption 1
Team Spain celebrate during the awarding ceremony after the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Li Ming)
English Caption 2
Starting players of Argentina pose for group photos before the round of 32 match between Argentina and Cabo Verde at the 2026 FIFA World Cup at Miami Stadium, Miami, the United States, July 3, 2026. (Xinhua/Xu Zijian)
English Caption 3
Starting players of France pose for photo before the bronze final match between France and England at the 2026 FIFA World Cup in Miami, the United States, July 18, 2026. (Xinhua/Hu Xingyu)








