ရှင်းကျန်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝါစိုက်တောင်သူများကို လေဆာနည်းပညာသုံး စက်ရုပ်တစ်ရုပ်က အကူအညီပေးလျက်ရှိသည်။ ၎င်းစက်ရုပ်သည် စွမ်းအင်မြင့် လေဆာအလင်းတန်းများကို အသုံးပြု၍ ဝါဖူးများကို ဖြတ်ထုတ်ပေးခြင်းဖြင့် အပင်ကြီးထွားမှု ထိန်းချုပ်ရာတွင် အထောက်အကူပြုသလို ဝါဂွမ်းအထွက်နှုန်းကိုလည်း သိသိသာသာတိုးတက်စေသည်။ အဆိုပါနည်းပညာက ဓာတုဆေးဝါးသုံးစွဲမှုကို လျှော့ချပေးရုံမျှမက ဝါစိုက်ပျိုးထုတ်လုပ်မှုကိုလည်း ပိုမိုထိရောက် မြန်ဆန်စေသည်။ (Xinhua)
……………………………………..
(English Version)
Laser robot trims cotton in Xinjiang
A laser robot is helping cotton farmers in Xinjiang, China. It uses high-energy laser beams to remove cotton buds, a process that helps control plant growth and improve cotton production. The technology reduces chemical use and makes farming more efficient.







