တရုတ်နိုင်ငံ ကျုံးယွမ် အမျိုးစုံ လူပုံစံတူစက်ရုပ် “4S ဆိုင်” လေ့ကျင့်ရေးစခန်းတွင် လူပုံစံတူစက်ရုပ်အား 
လေ့ကျင့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျုံးယွမ် အမျိုးစုံ လူပုံစံတူစက်ရုပ် “4S ဆိုင်” လေ့ကျင့်ရေးစခန်းတွင် လူပုံစံတူစက်ရုပ်အား လေ့ကျင့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဉာဏ်ရည်တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်လျက်ရှိရာ ဘက်ပေါင်းစုံအနေဖြင့် ဒစ်ဂျစ်တယ်-စမတ် ကွာဟချက်ကို ရင်ကြားစေ့ပေးရန်၊ လုံခြုံရေးအခြေခံစည်းကို ခိုင်မာစွာ စောင့်ထိန်းရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံစေရန်၊ ဉာဏ်ရည်တုကဏ္ဍ တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်လက်ခံမှု၊ အများအကျိုးဖြစ်ထွန်းစေမှု၊ ကောင်းမွန်သောလားရာသို့ တိုးတက်စေမှုကို အတူတကွ တွန်းအားပေးရန် လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇူလိုင် ၁၆ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သဘောထားအမြင် အသွင်ခွဲခြားမှုနှင့် နည်းပညာ ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို အားထား၍ စုစည်းစီမံလျက်ရှိကြောင်း၊ ဘက်ပေါင်းစုံနှင့်အတူ အတွေ့အကြုံများကို ဖလှယ်၍ ကမ္ဘာ့ ဉာဏ်ရည်တုကဏ္ဍ ဆန်းသစ်တိုးတက်မှုအဆင့်ကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန်ခွဲမှု အဆင့်မြင့် အစည်းအဝေးသည် ဇူလိုင် ၁၇ ရက်တွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပမည် ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ်ညီလာခံကို အခါအခွင့်အဖြစ်ထားရှိကာ ဘက်ပေါင်းစုံနှင့် အတူ ပွင့်လင်းစွာဖလှယ်၍ တူညီဆန္ဒများကို စုစည်းရန်၊ စမတ်ခေတ်၏ အကျိုးရလဒ်ကို ပိုမိုများပြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ ခံစားရစေရန်၊ နည်းပညာတိုးတက်မှုဖြင့် လူသားမျိုးနွယ် လူမှုအသိုက်အဝန်း၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို အမှန်စင်စစ် မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

外交部:愿同各方提升全球人工智能创新发展水平

新华社北京7月16日电(记者董雪、王慧慧)外交部发言人林剑16日在例行记者会上答问时表示,人工智能的发展关乎全人类共同福祉,各方应弥合数智鸿沟,守牢安全底线,完善全球治理,共同推动人工智能开放、包容、普惠、向善。中方反对以意识形态划线和技术封锁,致力于统筹发展与安全,愿同各方共享经验,提升全球人工智能创新发展水平。   

林剑说,2026世界人工智能大会暨人工智能全球治理高级别会议将于17日在上海开幕。中方将以本次大会为契机,同各方坦诚交流、凝聚共识,让智能时代的红利更多惠及发展中国家,让技术进步真正促进人类社会的发展繁荣。(完)

1. 5月6日,在中原异构人形机器人“4S店”训练场,训练师对人形机器人进行训练。新华社记者 李嘉南 摄