မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သွေးအလှူရှင်များ၏ စေတနာအလျောက် သွေးလှူဒါန်းပေးခြင်း
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဇွန် ၁၃ ရက်က ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တွင် သွေးလှူဒါန်းပွဲတစ်ရပ် ကျင်းပခဲ့ရာ သွေးအလှူရှင်ပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့ကြသည်။ ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့၏ ဆောင်ပုဒ်မှာ “One Drop of Humanity. Give Blood. Save Lives” “လူသားချင်းစာနာမှု သွေးတစ်စက်၊ အသက်များစွာအတွက် မျှော်လင့်ချက်တစ်စက်။ သွေးလှူပါ၊ အသက်ကယ်ပါ” ဟူ၍ ဖြစ်သည်။ (Xinhua)