ဟဲနန်ပြည်နယ် လော်ဆန်းခရိုင်တွင် နွေရာသီချိန် ကြာပန်းများက ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိ
လော်ဆန်း (ဟဲနန်)၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော်ဆန်းခရိုင်က ကြာပန်းရေကန်အတွင်း ဝင်ရောက်သွားချိန်တွင် ကြာရွက်များ ကန်ရေပြင်အပြည့်ဖြစ်နေပြီး ကြာပန်းများက လေနှင့်အတူ ယိမ်းနွဲ့လျက်ရှိသည်။ ပုစဉ်းရင်ကွဲအသံများ နားဆင်ရင်း ကြာပန်းသင်းရနံ့များနှင့်အတူ ပန်းပွင့်လေးများထိပ်ဖျားက ပုစဉ်းလေးများကို တွေ့မြင်နိုင်ပါသည်။ ယင်းသည် နွေရာသီ၏ အလှပဆုံးရှုခင်းပုံရိပ်ပင်ဖြစ်သည်။ (Xinhua)