ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ အဖြစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကို နိုဝင်ဘာ ၂၀ ရက်တွင် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ကော်မတီများ၊ အေဂျင်စီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ စသည်တို့အပါအဝင် အခန်း ၂၀ ပါဝင်ကြောင်း သိရသည်။
ထိုဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
