တာဂျစ်ကစ္စတန်နိုင်ငံ ဒန်ဂါရာမြို့ရှိ တရုတ်-တာဂျစ်ကစ္စတန် ဒန်ဂါရာ စိုက်ပျိုးရေးနှင့် အထည်အလိပ်လုပ်ငန်း စက်မှုဇုန်၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တာဂျစ်ကစ္စတန်နိုင်ငံ ဒန်ဂါရာမြို့ရှိ တရုတ်-တာဂျစ်ကစ္စတန် ဒန်ဂါရာ စိုက်ပျိုးရေးနှင့် အထည်အလိပ်လုပ်ငန်း စက်မှုဇုန်၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒူရှန်ဘီ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ယန္တရားအောက်တွင် တာဂျစ်ကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော အလားအလာများကို ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း ရုရှား-တာဂျစ် (ဆလာဗိုနစ်) တက္ကသိုလ်မှ ပထဝီနိုင်ငံရေးဆိုင်ရာ လေ့လာရေးစင်တာ ညွှန်ကြားရေးမှူး ဂူဇယ်လ် မိုက်ဒီနိုဗာက ပြောကြားခဲ့သည်။

"တရုတ်-တာဂျစ်ကစ္စတန် ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် အရေးပါမှု ပိုမိုမြင့်မားလာပါတယ်" ဟု တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာမှု၊ တာဂျစ်ကစ္စတန်နိုင်ငံ၏ စီးပွားရေးကဏ္ဍများ ပိုမိုကွဲပြားစုံလင်စေရန် ကြိုးပမ်းဆောင်ရွက်မှုတို့ကို ရည်ညွှန်းလျက် မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ မိုက်ဒီနိုဗာက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ၁၉၉၂ ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးခဲ့သည်ဟု အဆိုပါကျွမ်းကျင်သူက ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် မေလတွင် တာဂျစ်ကစ္စတန် သမ္မတ အမ်မိုမာလီရာမွန်၏ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သည့် နိုင်ငံတော်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ကြောင်း မိုက်ဒီနိုဗာက ပြောကြားခဲ့သည်။ ထိုခရီးစဉ်အတွင်း "ထာဝရ အိမ်နီးချင်းကောင်းပီသရေး၊ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်" နှင့် "ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ခိုင်မာနက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်" အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အများအပြား လက်မှတ်ရေးထိုးခဲ့ကြသည်။

တာဂျစ်ကစ္စတန်နိုင်ငံ၏ ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို တရုတ်နိုင်ငံက အဆိုပြုထားသည့် BRI နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အရေးကြီးပုံကို မိုက်ဒီနိုဗာက အလေးပေးပြောကြားခဲ့သည်။ တောင်ထူထပ်ပြီး ပင်လယ်ထွက်ပေါက်မရှိသော တာဂျစ်ကစ္စတန်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ တိုးမြှင့်ဖော်ဆောင်ရန် စိတ်အားထက်သန်နေသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့်လည်း နယ်စပ်ဖြတ်ကျော် စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုများ ခိုင်မာအောင်တည်ဆောက်ခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ တိုးမြှင့်ခြင်း၊ ယူရေးရှားဒေသတစ်လွှား ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိသော ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကွန်ရက်များ မြှင့်တင်ခြင်းတို့ကို အထောက်အကူပြုနိုင်ကြောင်း ၎င်းက ပြောသည်။

စွမ်းအင်နှင့် ရေအရင်းအမြစ်များသည်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် မဟာဗျူဟာအရ အရေးပါသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း မိုက်ဒီနိုဗာက ထောက်ပြခဲ့သည်။ တာဂျစ်ကစ္စတန်နိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် ကြီးမားသော အလားအလာရှိသော်လည်း ယင်းအား အပြည့်အဝ အသုံးချနိုင်ရန်အတွက် စွမ်းအင်အခြေခံအဆောက်အအုံများကို ခေတ်မီအောင် အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် စွမ်းဆောင်ရည် တိုးမြှင့်ရန်၊ ရေရှည် ဘဏ္ဍာရေးအထောက်အပံ့များရရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများက ရေအားလျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဒစ်ဂျစ်တယ် စီမံခန့်ခွဲမှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒဟူသည့် "မိစ္ဆာအင်အားစုသုံးခု" ကို တိုက်ဖျက်ရန် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရာတွင် ဘုံတူညီသော အကျိုးစီးပွားများရှိနေခြင်းကြောင့် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကိုလည်း မိုက်ဒီနိုဗာက အလေးပေးပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261102/58b0341d39134792aad920e8ed32ecca/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်း မြို့ပြဆောက်လုပ်ရေးစီမံခန့်ခွဲမှု သက်မွေးပညာနှင့် နည်းပညာကောလိပ်၏ လူပန်းအလုပ်ရုံ၌ ပြုလုပ်သော လေ့ကျင့်သင်ကြားရေးအစီအစဉ်တွင် ပါဝင်သော တာဂျစ်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများကို ၂၀၂၄ ခုနှစ် ဇူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ- Tianjin Urban Construction Management Vocational and Technical College/Handout via Xinhua)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်း မြို့ပြဆောက်လုပ်ရေးစီမံခန့်ခွဲမှု သက်မွေးပညာနှင့် နည်းပညာကောလိပ်၏ လူပန်းအလုပ်ရုံ၌ ပြုလုပ်သော လေ့ကျင့်သင်ကြားရေးအစီအစဉ်တွင် ပါဝင်သော တာဂျစ်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများကို ၂၀၂၄ ခုနှစ် ဇူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ- Tianjin Urban Construction Management Vocational and Technical College/Handout via Xinhua)

…………………………

(English Version)

Tajikistan-China cooperation under BRI, SCO boosts regional development, says expert

DUSHANBE, Nov. 2 (Xinhua) -- Closer cooperation between Tajikistan and China under the Belt and Road Initiative (BRI) and the Shanghai Cooperation Organization (SCO) will unlock greater potential for regional development, said Guzel Maitdinova, director of the Center for Geopolitical Studies at the Russian-Tajik (Slavonic) University.

"Tajikistan-China relations are taking on increasingly greater strategic significance," Maitdinova told Xinhua in a recent interview, citing China's growing economic cooperation with Central Asia and Tajikistan's efforts to diversify its economy.

The two countries established diplomatic relations in 1992, and elevated their ties to a comprehensive strategic cooperative partnership in the new era in 2024, opening up new prospects for bilateral cooperation, said the expert.

Tajik President Emomali Rahmon's state visit to China in May 2026 set another milestone in bilateral relations, Maitdinova said. During the visit, the two sides signed a series of cooperation documents, including the Treaty on Permanent Good-Neighborliness, Friendship and Cooperation, and the Joint Statement on Deepening the Comprehensive Strategic Cooperative Partnership in the New Era.

Maitdinova highlighted the importance of aligning Tajikistan's National Development Strategy for the period up to 2030 with the China-proposed BRI. Tajikistan, a landlocked country with mountainous terrain, is keen to develop transport corridors, while China can help strengthen cross-border economic connectivity, improve transport links and foster more resilient trade and production networks across Eurasia, she said.

Energy and water resources are another strategically important area in bilateral cooperation, Maitdinova noted. Tajikistan has considerable hydropower potential, but tapping it requires modernizing energy infrastructure, expanding grid capacity and securing long-term financing.

Chinese technology and investment can support the development of hydropower, renewable energy and digital management systems, she said.

Maitdinova also underscored the importance of bilateral cooperation on security, as both countries have a shared interest in closer coordination between law enforcement agencies to combat the "three evil forces" of terrorism, separatism and extremism.

https://english.news.cn/20261102/58b0341d39134792aad920e8ed32ecca/c.html

Photo caption 1: A woman works at China-Tajikistan Danghara Agricultural and Textile Industrial Park in Danghara, Tajikistan, on Sept. 12, 2025.  (Xinhua/Li Renzi)

Photo caption 2: Students and teachers from the Tajik Technical University take part in a Luban Workshop training session at the Tianjin Urban Construction Management Vocational and Technical College in Tianjin, north China, in July of 2024. (Tianjin Urban Construction Management Vocational and Technical College/Handout via Xinhua)