ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)


သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တွင် အောက်တိုဘာ ၂၆ ရက်က ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပခဲ့သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင်လည်း လာရောက်လည်ပတ်သူ များပြားခဲ့ပြီး ပြည်သူများက မီးပုံးပျံလွှတ်တင်ခြင်းများ၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)