ဆိုးလ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံအနေဖြင့် စစ်ကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာကို အမေရိကန်လက်ထဲမှ အမြန်ဆုံး ပြန်လည်ရယူရမည်ဖြစ်ကြောင်းနှင့် ယင်းသို့လုပ်ဆောင်နိုင်ရန် အပြည့်အဝ စွမ်းဆောင်နိုင်စွမ်းရှိကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုများသည်လည်း အခြေခံအားဖြင့် ကွပ်ကဲမှုအာဏာ ပြန်လည်ရယူခြင်းဆီသို့ ဦးတည်တိုးတက်နေသော်လည်း ယင်းလုပ်ငန်းစဉ်မှာ ထိုမျှလွယ်ကူမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် လီဂျေမြောင်က တောင်ကိုရီးယားနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံကာကွယ်ရေး တာဝန်ဝတ္တရားများကို သဘောသဘာဝအရ ထမ်းဆောင်ခြင်းအပြင် ၎င်းကို သီးခြား ထမ်းဆောင်ရန်လည်း စွမ်းရည် အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည် ဟု တောင်ကိုရီးယားသမ္မတရုံး အိမ်ပြာတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ကြည့်လျှင် နျူကလီးယားစွမ်းအားကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ သမားရိုးကျစစ်အင်အားကိုသာ ကြည့်လျှင် တောင်ကိုရီးယားနိုင်ငံ၏ စစ်အင်အားမှာ ကမ္ဘာ့အဆင့် နံပါတ် ၅ တွင် ရပ်တည်နေသည်။ ကာကွယ်ရေးအသုံးစရိတ်သည် တောင်ကိုရီးယား-အမေရိကန် ညှိနှိုင်းဆွေးနွေးမှုများတွင်လည်း ပါဝင်ပတ်သက်နေသော်လည်း တောင်ကိုရီးယားနိုင်ငံက ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ တိုးမြှင့်လျက်ရှိသည်ဟု သိရသည်။
လီဂျေမြောင်က “တောင်ကိုရီးယားနိုင်ငံဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ စစ်ရေးနယ်ပယ်တွေမှာ အတော်အသင့် မြင့်မားတဲ့ နိုင်ငံအနေအထားမှာ ရှိနေပေမဲ့ ကိုယ့်နိုင်ငံရဲ့ စစ်ကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာဟာ အခြားနိုင်ငံလက်ထဲမှာ ဆက်ထိန်းသိမ်းထားနေတုန်းပါပဲ၊ ဒီလိုအခြေအနေမျိုးကို လုံးဝ ဆက်ပြီး လျစ်လျူရှုထားလို့ မရတော့ပါဘူး” ဟု ဆိုသည်။
အမေရိကန်-တောင်ကိုရီးယား စစ်ကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာ လွှဲပြောင်းခြင်းဆိုင်ရာ အခြေအနေများမှာ ပြောင်းလဲသွားပြီဟု တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့များ၏ တပ်မှူး Xavier Brunson သည် မကြာသေးမီရက်က ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ Brunson ၏ သက်ဆိုင်ရာမှတ်ချက်များသည် အမှန်တကယ်တွင် တောင်ကိုရီးယားနိုင်ငံထံ စစ်ကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာ လွှဲပြောင်းခြင်းကို အဟန့်အတားဖြစ်စေနေသည် ဟု အချို့က ယူဆကြသည်။
၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်းမှစ၍ တောင်ကိုရီးယားစစ်တပ်၏ ကွပ်ကဲမှုအာဏာမှာ တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်များက ကာလကြာရှည် ထိန်းသိမ်းထားသည်။ ၁၉၉၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် ငြိမ်းချမ်းရေးကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာကို ပြန်လည်ရယူခဲ့သော်လည်း စစ်ကာလ စစ်ဆင်ရေးကွပ်ကဲမှုအာဏာကိုမူ ပြန်လည်ရယူခဲ့ခြင်းမရှိပေ။ (Xinhua)
.........................
(Chinese Version)
李在明:韩国必须尽快从美方收回战时作战指挥权
新华社首尔10月19日电(记者黄昕欣 姬新龙)韩国总统李在明19日表示,韩国必须尽快从美方手中收回战时作战指挥权,且完全有能力做到。韩美之间的协商基本上也朝着收回指挥权的方向推进,只是这一过程不会那么容易。
据韩国总统府青瓦台消息,李在明当天在记者座谈会上说,韩国是一个自主的独立国家,理所应当且完全有能力独立承担国防责任。从全球范围看,如果不算核实力,只看常规军事力量,韩国军事实力排名世界第五。虽然国防开支也涉及韩美之间的协商,但韩国正在大幅增加国防投入。
李在明表示:“韩国在经济、文化、军事领域拥有较高的国家地位,却仍然把本国的战时作战指挥权交由别国掌握,这种情况绝不能继续放任不管。”
据韩国媒体报道,驻韩美军司令泽维尔·布伦森近日表示,美韩战时作战指挥权移交的条件发生了变化。有观点认为,布伦森的相关言论实际上是在阻碍向韩国移交战时作战指挥权。
上世纪50年代初以来,韩国军队指挥权长期由驻韩美军掌握。1994年,韩国收回和平时期军事指挥权,但没有收回战时作战指挥权。(完)








