ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဗိုလ်ချုပ်ငုယင်ဆွန် (တရုတ်အမည် ဟုန်ဆွေ) ၏ ရုပ်တုအား ဆွေမျိုးသားချင်းတစ်ဦးက ပန်းများဖြင့်ဂါရဝပြုနေပုံကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဗိုလ်ချုပ်ငုယင်ဆွန် (တရုတ်အမည် ဟုန်ဆွေ) ၏ ရုပ်တုအား ဆွေမျိုးသားချင်းတစ်ဦးက ပန်းများဖြင့်ဂါရဝပြုနေပုံကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်တွင် ငုယင်ဆွန်ဟု လူသိများသော ဗီယက်နမ်စစ်ဗိုလ်ချုပ် ဟုန်ဆွေ ၏ မိသားစုအတွက် တရုတ်နိုင်ငံ၏ ခရီးရှည်ချီတက်ပွဲမှာ ကိုယ်တိုင်ကြုံတွေ့ဖူးခြင်းမရှိသော်လည်း ထိုခရီးတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦး၏ အဖြစ်အပျက်များမှတစ်ဆင့် အောက်မေ့တသဖြစ်ဖွယ် အမှတ်တရများ ရှင်သန်ကျန်ရစ်နေဆဲဖြစ်သည်။

၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်သော တပ်နီတော်သည် ကူမင်တန်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ထားမှုကို ဖောက်ထွက်ရန် ကီလိုမီတာ ၁၂,၅၀၀ အကွာအဝေးအထိ ခြေလျင်ချီတက်ခဲ့ကြပြီး ထိုခရီးမှာ နောင်တွင် ခရီးရှည်ချီတက်ပွဲဟု လူသိများထင်ရှားလာခဲ့သည်။

Hong Shui သည် ၁၉၂၇ ခုနှစ်တွင် အသက် ၁၉ နှစ်အရွယ်၌ တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး တရုတ်တော်လှန်ရေးအတွက် ၎င်း၏ဘဝကို ပေးဆပ်မြှုပ်နှံခဲ့လေသည်။

နောက်ပိုင်းတွင် ၎င်းအား ဗီယက်နမ်နိုင်ငံကရော တရုတ်နိုင်ငံကပါ ဗိုလ်ချုပ်ရာထူး အပ်နှင်းခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံရသည့် တစ်ဦးတည်းသော နိုင်ငံခြားသား ဖြစ်လာခဲ့သည်။ အဆိုပါထူးခြားမှုကြောင့် ၎င်းသည် “နှစ်နိုင်ငံ၏ ဗိုလ်ချုပ်” ဟူသော လေးစားဂုဏ်ယူဖွယ် ဘွဲ့ထူးဂုဏ်ထူးကို ရရှိခဲ့သည်။

မိသားစုတွင်း လက်ဆင့်ကမ်းပြောပြခဲ့သည့် အဖြစ်အပျက်များထဲတွင် ရိက္ခာပြတ်လပ်နေချိန် ခါးပတ်တစ်ခုကို ပြုတ်စားခဲ့သည့် အဖြစ်အပျက်တစ်ခုလည်း ပါဝင်နေကာ ယင်း၏ အသေးစိတ်အကြောင်းအရာများက ဟုန်ဆွေ နှင့် ၎င်း၏ရဲဘော်ရဲဘက်များ ကြုံတွေ့ခဲ့ရသော ပင်ပန်းဆင်းရဲမှုများ၏ အမှတ်သင်္ကေတဖြစ်လာခဲ့သည်။

၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် ဟုန်ဆွေ သည် ခရီးရှည်ချီတက်ပွဲ စတင်ထွက်ခွာချိန်၌ ရိက္ခာနှင့် ရေ ရှားပါးနေခဲ့ပြီး ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် ပြင်းထန်သော ရာသီဥတုတို့ကလည်း ပင်ပန်းဆင်းရဲမှုများကို ပိုမိုကြီးမားစေခဲ့သည်။

“သူဟာ ဆီးနှင်းဖုံးနေတဲ့ တောင်တွေကို သုံးကြိမ်ဖြတ်ကျော်ခဲ့တယ်။ တစ်ခါတစ်လေမှာ မြင်းစီးရင်း၊ တစ်ခါတစ်လေ ခြေကျင်လျှောက်ရင်း အနွေးဓာတ်ရစေတဲ့ အဝတ်အစားမပါဘဲ ခရီးနှင်ခဲ့တယ်” ဟု ၁၉၄၈ ခုနှစ်ဖွားဖြစ်သော ၎င်း၏ စတုတ္ထမြောက်သမီး ငုယင် မိုင်လမ်က ပြန်လည်ပြောပြခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း သန်းဟွာပြည်နယ်ရှိ စစ်သင်တန်းကျောင်းတစ်ခုတွင် သင်တန်းသားများအား ဟောပြောစဉ် ၎င်း၏ဖခင်က ခက်ခဲကြမ်းတမ်းသော ထိုခရီးရှည်ကို ကဗျာတစ်အဖြစ် စပ်ဆို၍ မည်သို့ပြောပြခဲ့ပုံကိုလည်း လမ်က ပြန်လည်အမှတ်ရလျက်ရှိသည်။

"ရဲဘော်ရဲဘက်များစွာ အသက်စတေးခဲ့ရသည်

သွေးစက်များက ဆီးနှင်းများကို အနီရောင်ပြောင်းသွားစေပြီး

စီးဆင်းနေသော သွေးစက်များက မီးလျှံအဖြစ်ကူးပြောင်းရင်း

ခရီးရှည်ချီတက်ပွဲ လမ်းကြောင်းကို အလင်းပြပေးခဲ့သည်" ဟု ၎င်းက ရွတ်ဆိုပြခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261017/7f255c7f49f743cdbdad7e00ea59d891/c.html

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဗိုလ်ချုပ်ငုယင်ဆွန် (တရုတ်အမည် ဟုန်ဆွေ) အကြောင်း စာအုပ်များ ခင်းကျင်းပြသထားသော စားပွဲတစ်လုံးအနီးမှ လူငယ်တစ်ဦး ဖြတ်လျှောက်သွားပုံကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဗိုလ်ချုပ်ငုယင်ဆွန် (တရုတ်အမည် ဟုန်ဆွေ) အကြောင်း စာအုပ်များ ခင်းကျင်းပြသထားသော စားပွဲတစ်လုံးအနီးမှ လူငယ်တစ်ဦး ဖြတ်လျှောက်သွားပုံကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Family memories bring Vietnamese general's Long March legacy to life

HANOI, Oct. 17 (Xinhua) -- For the family of Vietnamese general Hong Shui, known in Vietnam as Nguyen Son, the Long March in China is a journey they never witnessed, yet one that has lived on through stories about the man who walked it.

Between 1934 and 1936, the Red Army, led by the Communist Party of China (CPC), trekked up to 12,500 km to break through the encirclement of Kuomintang forces, a journey later known as the Long March.

Hong Shui joined the CPC in 1927 at the age of 19 and dedicated himself to the Chinese revolution.

He was later conferred the rank of general by both Vietnam and China, becoming the sole foreign national to be commissioned as a general of the Chinese People's Liberation Army after the founding of the People's Republic of China -- a distinction that earned him the revered title of "two-nation general."

Among the stories passed down in the family is one about a belt that was boiled and eaten when food ran short, a detail that has come to symbolize the hardships Hong Shui and his comrades endured.

When Hong Shui set out on the Long March in October 1934, food and water were scarce, and the rugged terrain and punishing weather added to the hardships.

"He crossed the snow mountains three times. Sometimes he traveled on horse and sometimes on foot, without warm clothing," recalled Nguyen Mai Lam, his fourth daughter, born in 1948.

Lam also remembered how her father described the odyssey in a poem when speaking to trainees at a military school in Vietnam's central province of Thanh Hoa in 1948.

"Many comrades sacrificed their lives

Blood reddened the snow

Blood flowed and turned into fire

Lighting the road of the Long March," she recited.

https://english.news.cn/20261017/7f255c7f49f743cdbdad7e00ea59d891/c.html

Photo caption 1: A relative presents flowers to a statue of general Nguyen Son (Chinese name Hong Shui) in Hanoi, Vietnam, on Sept. 30, 2018. (XinhuaWang Di)

Photo caption 2: A boy walks past a table on which books about general Nguyen Son (Chinese name Hong Shui) are on display in Hanoi, Vietnam, on Sept. 30, 2018. (XinhuaWang Di)