ယွမ်ယန် (ယူနန်)၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရွှေဝါရောင်ဆောင်းဦးချိန်ခါတွင် ယူနန်ပြည်နယ် ယွမ်ယန်ခရိုင်ရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဟားနီ လှေကားထစ်စိုက်ခင်း၌ အလုပ်များလျက်ရှိသည်။ Tilt-shift မြင်ကွင်းထဲတွင် လှေကားထစ်စိုက်ခင်း အထပ်ထပ်က အနုစိတ်ရှုခင်းများအဖြစ် ပြောင်းလဲသွားရာ ဒဏ္ဍာရီပုံပြင်ပါ “လူပုလေးတိုင်းပြည်” အလားပင်ဖြစ်သည်။ ပြည်သူများက သီးနှံရိတ်သိမ်းခြင်း၊ နွားဖြင့် စိုက်ခင်းထွန်ယက်ခြင်း၊ တဲအိမ်များထက်တွင် သီးနှံများ နေလှန်းခြင်းဖြင့် အလုပ်များနေကြသည်။ ရိတ်သိမ်းမှုနှင့် ထွန်ယက်မှုများအကြား ဟားနီလူမျိုးများ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော စိုက်ပျိုးရေး ဉာဏ်ပညာကို ဆက်လက်ထိန်းသိမ်းလျက်ရှိရာ လူသားနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သော ဆောင်းဦးချိန်ခါ မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ (Xinhua)