တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ၁၄၀ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ကျင်းပရာနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ၁၄၀ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ကျင်းပရာနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

၁၄၀ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ကို အောက်တိုဘာလ ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး ပွဲစဉ်တစ်ခုလုံးတွင် ကုမ္ပဏီလုပ်ငန်း ၃၀,၀၀၀ ကျော် ပါဝင်ပြသကာ နိုင်ငံခြားဝယ်လက် ၃၄၀,၀၀၀ ခန့် ပြပွဲသို့ လာရောက်ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြသည်။

၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲကို အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ အပိုင်း (၃) ပိုင်း ခွဲ၍ ကွမ်းကျိုးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ထိုအပိုင်း (၃) ပိုင်း၏ ခေါင်းစဉ်များမှာ “ခေတ်မီကုန်ထုတ်လုပ်မှု” ၊ “အရည်အသွေးကောင်းမွန်သော အိမ်သုံးပစ္စည်းများ” နှင့် “သာယာလှပသော နေထိုင်မှုဘဝ” ဟူ၍ဖြစ်သည်။ နှစ်ပေါင်း ၇၀ အတွင်း ကွမ်ကျိုးကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ အကြီးဆုံး၊ သက်တမ်းအရှည်ကြာဆုံး၊ ကုန်ပစ္စည်း အစုံလင်ဆုံး၊ ကုန်သည်လာရောက်မှု အများဆုံး နှင့် ကုန်သွယ်မှုရလဒ် အကောင်းဆုံးဖြစ်သော နိုင်ငံတကာကုန်သွယ်ရေးပွဲတော်ကြီး ဖြစ်လာခဲ့သည်။ (Xinhua)

.......................

(Chinese Version)

第140届广交会开展 吸引境外采购商约34万名

新华社照片,广州,2026年10月15日

10月15日,第140届中国进出口商品交易会(广交会)开展,全程共有3万多家企业参展,约34万名境外采购商到会采购。 第140届广交会于10月15日至11月4日分三期在广州举办,三期主题分别是“先进制造”“品质家居”“美好生活”。70年来,广交会已经成为我国规模最大、历史最长、商品最全、客商最多、成交最好的国际贸易盛会。

图说1:10月15日在广州拍摄的第140届广交会会场。 新华社记者 邓华 摄

图说2:10月15日,境外采购商在广交会上参观选购一款显示器支架。新华社记者 卢汉欣 摄