
ဟနွိုင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် အစိမ်းရောင် ပို့ဆောင်ရေး အသွင်ကူးပြောင်းမှု အဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ ဗီယက်နမ်နိုင်ငံ ဟနွိုင်း စသည့် အဓိကမြို့များတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း၊ ဆိုင်ကယ်စီးနင်းမှု ကန့်သတ်ခြင်း အစီအမံများ တစ်ဆင့်ချင်း ဖော်ဆောင်လာရာ လျှပ်စစ်ဆိုင်ကယ်၏ ဈေးကွက်လိုအပ်ချက်များ အဆက်မပြတ် မြင့်တက်လာခဲ့သည်။
Yadea ၊ Aima ၊ TAILG စသည့် တရုတ်အမှတ်တံဆိပ်များက ဗီယက်နမ်ဈေးကွက်၌ ဖြန့်ကြက်မှုကို အရှိန်မြှင့်တင်လျက်ရှိရာ အရောင်းကွန်ရက်တိုးချဲ့ခြင်း၊ ဒေသတွင်း၌ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများဖြင့် ဒေသတွင်းအစိမ်းရောင်နည်းလမ်းဖြင့် သွားလာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် ဗီယက်နမ်နိုင်ငံကို မဏ္ဍိုင်အဖြစ် ထားရှိကာ အရှေ့တောင်အာရှဈေးကွက်အား ထပ်မံတိုးချဲ့လျက်ရှိသည်။ (Xinhua)
---------------------
(Chinese Version)
出海图志|“中国绿”风行河内
新华社照片,河内,2026年10月14日
近年来,随着绿色交通转型不断深化,越南河内等主要城市逐步推进减排限摩措施,电动两轮车市场需求不断增长。雅迪、爱玛和台铃等中国品牌加快布局越南市场,通过拓展销售网络、推进本地化生产等方式满足当地绿色出行需求,并以越南为支点进一步拓展东南亚市场。
图说1:这是7月7日在越南北宁省拍摄的雅迪销售门店在售的电动两轮车。新华社记者 刘颍 摄
图说2:8月21日,工作人员在位于越南首都河内的台铃销售门店介绍并展示在售的台铃电动两轮车。新华社记者 刘颍 摄








