နင်းရှ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြို့ပြဆူညံမှုများနှင့်ကင်းဝေးရာ ဝိုင်ရနံ့သင်းပျံ့ရာဒေသခရီးစဉ်လေးတစ်ခုက ဝိုင်အရသာမြည်းစမ်းခြင်းထက် ပိုမိုများပြားသည့် အတွေ့အကြုံခံစားမှုများကို ပေးစွမ်းနိုင်မည်ဆိုလျှင် မည်သို့ရှိမည်နည်း။ တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ဝိုင်ထုတ်လုပ်ရာဒေသများထဲမှ တစ်ခုဖြစ်သည့် နင်းရှဒေသတွင် ကိုယ်တိုင်ဝိုင်ဖန်တီးရောစပ်၍ ကိုယ်ပိုင်အမှတ်တံဆိပ်ဝိုင်ပုလင်းကို အိမ်အပြန်လက်ဆောင်ယူနိုင်သလို စပျစ်ခြံများအကြား စက်ဘီးစီးပြီး လေပြေလေညင်းလေးကိုလည်းခံစားနိုင်ကာ တစ်မူထူးခြားသည့် ဝိုင်ဟော့ပေါ့ကိုလည်း မြည်းစမ်းကြည့်နိုင်ပါသည်။ ထူးခြားဆန်းသစ်သည့် ဝိုင်ခရီးစဉ်ကို ပါဝင်ဆင်နွှဲကြပါစို့။ (Xinhua)

..............................................

GLOBALink | Enjoy a day in China's renowned wine region

What if a wine-country getaway offered more than just wine tasting? In Ningxia, one of China's best-known wine regions, you can blend your own bottle, cycle through vineyards and even try the wine hotpot. Come along for a special wine adventure with us.