
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဘော့ဆွာနာနိုင်ငံသမ္မတ ဘိုကိုနှင့် တွေ့ဆုံစဉ် တရုတ်-အာဖရိက သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အဆိုပြုချက် ၄ ရပ်ကို ပြောကြားခဲ့သည်။
ပထမအချက်မှာ အာဖရိက၏ သယံဇာတများသည် အာဖရိကပိုင်ဖြစ်သည်ဟူသော ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူကို စွဲကိုင်ဆောင်ရွက်ရန်ဖြစ်သည်။ အာဖရိကသည် မမျှတသော နိုင်ငံတကာလုပ်ငန်းခွဲဝေမှုကြောင့် စက်မှုလုပ်ငန်းကွင်းဆက်နှင့် တန်ဖိုးကွင်းဆက်၏ အနိမ့်ဆုံးအဆင့်တွင် ပိတ်မိနေခဲ့ရပြီး ယင်းသည် အမြန်ဆုံး ပြောင်းလဲရန် လိုအပ်သည့် သမိုင်းဝင် မတရားမှုတစ်ရပ်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ တရားနည်းလမ်းကျသော တောင်းဆိုချက်များကို ကိုယ်တိုင်ကြုံတွေ့ခံစားရသကဲ့သို့ နားလည်စာနာကြောင်းနှင့် မိမိတို့၏ အတွေ့အကြုံများကို မျှဝေကာ အာဖရိကနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲနိုင်ရန် ကူညီပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ကျင့်ဝတ်နှင့် အကျိုးစီးပွားကို ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေး အယူအဆကို စွဲကိုင်ဆောင်ရွက်ရန်ဖြစ်သည်။ တရုတ်နှင့် အာဖရိက နှစ်ဖက်စလုံးသည် သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွင် မှန်ကန်သော ကျင့်ဝတ်နှင့် အကျိုးစီးပွားအမြင်ကို စွဲကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုစွမ်းရည် မြှင့်တင်ရေး၊ အာဖရိက၏ လက်တွေ့အခြေအနေနှင့် သင့်လျော်သည့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော နည်းပညာများ လွှဲပြောင်းပေးရေး၊ အများပြည်သူအကျိုးပြု ကူညီထောက်ပံ့ရေးတို့ကို ဆက်လက်အားပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးခြင်းတို့ကို ဆောင်ရွက်ကာ သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအချက်မှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်ကို စွဲကိုင်ဆောင်ရွက်ရန်ဖြစ်သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်း လက်တွေ့ကျကျ ပံ့ပိုးဆောင်ရွက်သူဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-အာဖရိက သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို စက်မှုလုပ်ငန်းတန်ဖိုး မြှင့်တင်ရေးဘက်သို့ အသွင်ကူးပြောင်းစေရန် ဆက်လက်တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သည့် ကုန်ကျစရိတ်ဖြင့် ရေရှည်တည်တံ့နိုင်သော ဆန်းသစ်သည့် ငွေကြေးထောက်ပံ့မှုပုံစံများကို ဆွေးနွေးလေ့လာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် လက်တွေ့အခြေအနေကို အခြေခံ၍ မိမိတို့၏ ဘဏ္ဍာရေးအင်အားနှင့်အညီ ဆက်စပ်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ တည်ဆောက်ခြင်းနှင့် လမ်းကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အရည်အသွေးမြင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိက၏ ခေတ်မီအသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအချက်မှာ တရားမျှတပြီး တံခါးဖွင့်လှစ်သော ပူးပေါင်းဆောင်ရွက်ရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်ရန်ဖြစ်သည်။ အာဖရိက၏ သယံဇာတများကို ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုများအတွက် ကိရိယာအဖြစ် အသုံးမပြုသင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ရင်းမှန်ဖြင့် ကူညီပံ့ပိုးလိုသည့် နိုင်ငံအားလုံး၏ ကြိုးပမ်းမှုများကို ဝမ်းမြောက်ဝမ်းသာ တွေ့မြင်လိုပါကြောင်းနှင့် အာဖရိကနိုင်ငံများနှင့်အတူ တည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်သော သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဈေးကွက်ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့အတွက် ပိုမိုသင့်လျော်သော အခြေအနေများ ဖန်တီးပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
------------------------
(Chinese Version)
习近平就推动中非矿业合作提出4点主张
新华社北京10月13日电(记者曹嘉玥)10月13日下午,国家主席习近平在北京人民大会堂会见来华进行国事访问的博茨瓦纳总统博科时,就推动中非矿业合作提出4点主张:
一是坚持非洲资源属于非洲的合作前提。非洲被不合理的国际分工锁在产业链价值链底端,这是亟需改变的历史不公。中国对非洲的合理诉求感同身受,愿分享自身经验,帮助非洲国家制定符合国情的矿业发展规划。
二是坚持义利相兼、互利互惠的合作理念。中非双方在矿业合作上都要坚持正确义利观。中方将继续鼓励中国企业提升运营能力,转移符合非洲实际的绿色技术,加强公益帮扶,带动当地就业和人才培养,推进矿业发展南南合作。
三是坚持高质量发展的合作方向。中国从来都是支持非洲发展的“实干家”,将继续推动中非矿业合作向产业增值转型,探讨可负担、可持续的创新融资模式,实事求是、量入为出推进配套物流通道建设和沿线开发,以高水平合作助力非洲现代化进程。
四是坚持公平开放的合作环境。非洲的资源不应成为地缘政治斗争工具,中方乐见各方真心助力非洲发展,愿同非方一道,维护稳定、可预期的矿业合作市场环境,为企业投资经营创造更适宜条件。
Photo Caption 1 :Chinese President Xi Jinping and his wife Peng Liyuan hold a welcome ceremony for Botswana's President Duma Gideon Boko and his wife Kaone Boko in the Northern Hall of the Great Hall of the People in Beijing, capital of China, Oct. 13, 2026. (Xinhua/Xie Huanchi)








