ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် ဘော့ဆွာနာသမ္မတနိုင်ငံ အစိုးရတို့၏ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ Think Tank ပူးပေါင်းဖြန့်ချိမှု လက်တွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို အောက်တိုဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာရွက်စာတမ်းကို ဘော့စ်ဝါနာနိုင်ငံ သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ် ရလဒ်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် တရုတ်-ဘော့ဆွာနာ နှစ်နိုင်ငံက သတင်းဖြန့်ချိရေးကဏ္ဍ၌ ပူးပေါင်းဖလှယ်မှုကို မြှင့်တင်ရန်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ Think Tank အဆင့်မြင့်ဖိုရမ် ယန္တရား တိုးတက်မှုကို အတူတကွမြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း သတင်းအချက်အလက် ဖြန့်ချိမှုရလဒ်အား ပူးပေါင်းအင်အားဖြင့် တိုးမြှင့်ရန် ရည်ရွယ်သည်။

ဆင်ဟွာသတင်းဌာနက တရုတ်နိုင်ငံအစိုးရ ကိုယ်စားလှယ်အနေဖြင့် အဆိုပါ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

中国与博茨瓦纳将携手推进全球南方媒体智库合作传播

新华社北京10月13日电 10月13日,《中华人民共和国政府与博茨瓦纳共和国政府关于携手推进全球南方媒体智库合作传播的谅解备忘录》在京签署。该文件被列入博茨瓦纳总统博科访华成果清单。  

这一谅解备忘录旨在加强中博双方在新闻传播领域的交流与合作,共同推动“全球南方”媒体智库高端论坛机制发展,合力提升全球南方信息传播效能。  

中国政府由新华通讯社代表签署了谅解备忘录。(完)