
ကျွန်းရိ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
၁၉၃၄ ခုနှစ် ရှန်းကျန်းမြစ်တိုက်ပွဲအပြီးတွင် ဗဟိုတပ်နီတော်၏ အင်အားထက်ဝက်ကျော် ဆုံးရှုံးခဲ့ပြီး ခရီးရှည်ချီတက်ပွဲ စတင်ချိန်၌ အင်အား ၈၆,၀၀၀ ကျော်ရှိရာမှ ၃၀,၀၀၀ ကျော်သာ ကျန်ရှိတော့သည်။ တပ်နီတော် အရာရှိစစ်သည်များသည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသမှ ဟူနန်ပြည်နယ်သို့ ဝင်ရောက်ခဲ့ပြီး “ထုန်းတောက်ခရိုင်တွင် စစ်ကြောင်းပြောင်း” ၍ ကွေ့ကျိုးပြည်နယ်ဘက်သို့ ဦးတည်ခဲ့ကြသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြင့်မားမတ်စောက်သော တောင်တန်းများကြားတွင် ချီတက်ခဲ့ကြရသည့် ၎င်းတို့သည် ကြမ်းတမ်းခက်ခဲသော သဘာဝပတ်ဝန်းကျင်အခြေအနေများသာမက ရန်သူတပ်များက ဝိုင်းရံ၍တစ်မျိုး၊ နောက်ကလိုက်၍တစ်ဖုံ၊ လမ်းပိတ်ဆို့ဖြတ်တောက်၍တစ်မူ အမျိုးမျိုးအဖုံဖုံ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ကြရသည်။
ချီတက်ခရီးနှင်နေစဉ်အတွင်း မော်စီတုန်းသည် 'တောင်တန်း' ကို ခေါင်းစဉ်ပေးကာ 'ဆယ့်ခြောက်လုံးစပ် လင်္ကာသုံးပုဒ်' ကို ရေးစပ်ခဲ့သည်။ ၎င်းကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
တောင်တန်းများတွင် စစ်သည်များက ကုန်းနှီးမချ၊
စစ်မြင်းဖြင့် တစ်ဟုန်ထိုး ခရီးနှင်ကြ၏။
တဒင်္ဂလှည့်ကြည့်လိုက်လျှင် မိုးကောင်းကင်နှင့်
သုံးပေသုံးလက်မမျှသာ ကွာဝေးသည့်ပမာ ရှိပေ၏။
တောင်တန်းများမှာ စစ်မြင်းသောင်းသင်း၊
စီးနင်းပြိုင်တိုက်၊ တိုးဝင်လိုက်သည့်ပမာ
ပင်လယ်လှိုင်းလုံးကြီးများသကဲ့သို့ နိမ့်ချီမြင့်ချီ ရှိပေ၏။
ထက်မြက်သည့်ဓားသွားပမာ
မြင့်မားသောတောင်တန်းကြီးများက
မိုးကောင်းကင်ကို ထိုးဖောက်သည့်ပမာ ရှိပေ၏။
ကောင်းကင်ပြိုဆင်း၊ လိမ့်ကျလာငြား၊
တောင်တန်းများက တည်မားခိုင်ခံ့၊ ထောက်မထားသည့်ပမာ ရှိပေ၏။
စကားလုံးအနည်းငယ်ဖြင့်ပင် တောင်တန်းများ၏ မတ်စောက်ကြမ်းတမ်းမှုနှင့် စစ်ရေးအခြေအနေ၏ အန္တရာယ်များ အရေးပေါ်ဖြစ်မှုကို ပေါ်လွင်အောင် ရေးဖွဲ့ထားသကဲ့သို့ ခရီးတစ်လျှောက် အရှိန်အဟုန်ဖြင့် ချီတက်လာသည့် တပ်နီတော်၏ ခန့်ညားထည်ဝါသော အသွင်အပြင်ကိုလည်း ဖော်ပြထားသည်။ “ကောင်းကင်ပြိုဆင်း၊ လိမ့်ကျလာငြား၊ တောင်တန်းများက တည်မားခိုင်ခံ့၊ ထောက်မထားသည့်ပမာ ရှိပေ၏” ဟူသော ကဗျာစာသားသည် တပ်နီတော် အရာရှိစစ်သည်များ၏ တောင်တန်းများကဲ့သို့ မယိမ်းမယိုင်ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်ကို အထင်အရှား ပေါ်လွင်စေသည်။
ကျွန်းရိအစည်းအဝေးအပြီးတွင် တပ်နီတော်သည် ခိုင်မာအားကောင်းသော ဦးဆောင်မှုဗဟိုချက်နှင့် မှန်ကန်သည့် လမ်းညွှန်မှုကို ရရှိခဲ့သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်တန်းများအတွင်း တိုက်ပွဲပြင်းထန်စွာ အကြိမ်ကြိမ်ဆင်နွှဲပြီးနောက် တပ်နီတော်သည် ရန်သူ၏ ဝိုင်းရံပိတ်ဆို့မှုမှ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး မြောက်ဘက်သို့ စစ်ကြောင်းလှည့်၍ ချီတက်နိုင်ခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
诗词忆长征丨天欲堕,赖以拄其间
1934年的湘江战役后,中央红军兵力折损大半,人数从长征出发时的8.6万余人锐减至3万余人。红军将士从广西进入湖南,经“通道转兵”后转向贵州,行军在西南的崇山峻岭中,他们不仅要面对恶劣的自然环境,还有敌军的围追堵截。
行军中的毛泽东以“山”为题,写成《十六字令三首》。
“山,快马加鞭未下鞍。惊回首,离天三尺三。山,倒海翻江卷巨澜。奔腾急,万马战犹酣。山,刺破青天锷未残。天欲堕,赖以拄其间。”
寥寥数语,写出了山势的险峻和战事的危急,也展示了一路急进的红军雄姿。“天欲堕,赖以拄其间”,更将红军将士如山般坚韧的革命意志表现得淋漓尽致。
在遵义会议后,红军有了坚强的领导核心和正确的路线指引。在西南群山中经过一系列激战后,红军成功跳出敌人的包围圈,挥师北上。
图说 1 :9月8日拍摄的群山环绕的广西桂林市龙胜各族自治县平等镇龙坪村(无人机照片)。新华社发(黄勇丹摄)
图说 2 :9月26日拍摄的贵州省遵义市娄山关风光(无人机照片)。新华社发(黄勇丹摄)








