
ဆန်းကျန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ပါဆယ်ပစ္စည်းများကို စမတ်နည်းပညာသုံး အလိုအလျောက် အမျိုးအစားခွဲခြားခြင်း၊ မောင်းသူမဲ့ယာဉ်များဖြင့် ချိတ်ဆက်သယ်ယူပို့ဆောင်ခြင်းနှင့် စက်ရုပ်များဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်း ကွင်းဆက်တစ်ခုလုံး ချိတ်ဆက်ပေါင်းစည်းထားသည့် စမတ်နည်းပညာသုံး ကျောင်းဝင်းအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးစနစ် သရုပ်ပြမြင်ကွင်းကို တရုတ်နိုင်ငံ ဟားအယ်ပင်းစက်မှုနည်းပညာတက္ကသိုလ် (ဆန်းကျန့်) တွင် အောက်တိုဘာ ၉ ရက်က တရားဝင် စတင်အကောင်အထည်ဖော်ခဲ့သည်။
ကျောင်းဝင်းအတွင်း တည်ရှိသော စမတ်ကုန်စည်အမြန်ပို့ဆောင်ရေးဝန်ဆောင်မှုစင်တာတွင် ပစ္စည်းအမျိုးအစားအလိုက်ခွဲထားသည့်အကန့်များသို့ စက်ရုပ်လက်တံများကအလိုအလျောက်ခွဲခြားထည့်သွင်းပေးနိုင်ရန် စမတ်ကိရိယာများတပ်ထားပြီး အဆောက်အအုံအတွင်းနှင့် ပြင်ပမှကုန်ပို့စက်ရုပ်များ အတွဲညီညီလုပ်ဆောင်ခြင်းဖြင့် ကျောင်းဝင်းဧရိယာ တစ်ခုလုံးကို ကုန်စည်ပို့ဆောင်ပေးနိုင်သည်။
လက်ရှိတွင် ကုန်ပို့စက်ရုပ်များသည် စာသင်ဆောင်အချို့သို့ တံခါးဝအထိ ပစ္စည်းပို့ဆောင်ပေးနိုင်ပြီဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းသားအဆောင်များတွင် လူသွားလူလာနည်းပါးသော အချိန်များ၌ အပေါ်ထပ်သို့ တက်၍ ပို့ဆောင်ခြင်း၊ မြေညီထပ်တွင် အချိန်ချိန်း၍ ပို့ဆောင်ခြင်းဝန်ဆောင်ခြင်းများကို အဆင့်ဆင့် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)
…………………………………..
(Chinese Version)
深圳:智能分拣、机器人配送——全链路智慧校园物流便利师生
新华社照片,深圳(广东),2026年10月9日
10月9日,打通智能分拣、无人接驳、机器人上门配送的全链路智慧校园物流示范场景正式落地哈尔滨工业大学(深圳)。 坐落在校园内的智能快递服务中心配备了自动化分拣柜、分拣机械臂等智能设备,通过与室内外一体化配送机器人协同作业,可实现物流全校区域覆盖。目前,配送机器人已实现部分教学楼上门配送,后续将分阶段试点宿舍楼非高峰时段上楼服务、楼下预约配送服务。
图说1:10月9日,在哈尔滨工业大学(深圳)校园内的智能快递服务中心,分拣机械臂分拣快件。 新华社记者 毛思倩 摄
图说2:10月9日,在哈尔滨工业大学(深圳)校园内的智能快递服务中心,分拣机械臂将快件放入配送机器人货箱。新华社记者 毛思倩 摄








