ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနက ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို “တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အခန်းကဏ္ဍသစ်တစ်ရပ်ကို လက်တွဲရေးသားဖော်ဆောင်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုဟိုင်ရှင်း၊ တွန်ဂါနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာတူ အပါအဝင် ပစိဖိတ်ကျွန်းနိုင်ငံများမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများနှင့် တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ တက်ရောက်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များ၏ ပူးတွဲဦးဆောင်မှုအောက်တွင် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၌ အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း လျိုဟိုင်ရှင်းက ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ နိုင်ငံရေးပါတီများနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ဆွေးနွေးမှုများ အားကောင်းစေရန်၊ ပါတီစီမံခန့်ခွဲရေးနှင့် နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများ အပြန်အလှန်ဖလှယ်လေ့လာမှုကို နက်ရှိုင်းစေရန်နှင့် “နိုင်ငံရေးပါတီ+” ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းမှတစ်ဆင့် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၏ အင်အားကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေးတက်ရောက်သည့် ပြည်ပကိုယ်စားလှယ်များကလည်း တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများအတွက် စစ်မှန်သော မိတ်ဆွေ၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ကျွန်းနိုင်ငံများအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လိုက်နာစောင့်ထိန်းပြီး မည်သည့် ပုံစံဖြင့်မဆို ပြုလုပ်သည့် "ထိုင်ဝမ်ခွဲထွက်ရေး" လှုပ်ရှားမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့်အတူ ပါတီချင်း ထိတွေ့ဆက်ဆံမှုကို နီးကပ်စွာ ဆောင်ရွက်သွားလိုကြောင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ပြုလုပ်၍ နှစ်ဖက်ဆက်ဆံရေး ပိုမိုကြီးမားစွာ တိုးတက်ဖြစ်ထွန်းရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။ (Xinhua)

-------------------------

(Chinese Version)

第六届中国-太平洋岛国政党对话会举行

新华社北京10月10日电(记者赵瀚泽)10月10日,由中共中央对外联络部主办的第六届中国-太平洋岛国政党对话会在北京举行,主题为“携手谱写构建中国-太平洋岛国命运共同体新篇章”。中联部部长刘海星以及汤加副首相拉图等太平洋岛国政党政要和驻华使节出席。

刘海星表示,在习近平主席和太平洋岛国领导人共同引领下,中国-太平洋岛国命运共同体建设取得积极成效。中国共产党愿同太平洋岛国政党加强战略沟通,深化治党治国经验交流互鉴,拓展“政党+”合作,为中国-太平洋岛国命运共同体建设贡献政党力量。

与会外方表示,中国是太平洋岛国的真朋友、好伙伴。岛国坚定恪守一个中国原则,反对任何形式的“台独”活动,愿同中方密切党际交往,深化务实合作和区域协作,推动双方关系取得更大发展。