ချုံချင့်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မဖြစ်မနေ “စားကြည့်ရမည့်” နံပါတ်တစ်အရာမှာ အစားအစာမဟုတ်ပေ။ မြို့ပတ်ရထားတစ်စင်းသာ ဖြစ်သည်။ မကြာသေးမီက ချုံချင့်မြို့၌ ကျင်းပခဲ့သည့် ဒရုန်းမီးအလှပြပွဲတွင် လူမှုကွန်ရက်ပေါ် ရေပန်းစားနေသည့်  “ရထား စားပြပုံ” ကို ကောင်းကင်ယံတွင် ပုံဖော်တင်ဆက်ခဲ့သည်။

အဆိုပါ ခေတ်စားမှုသည် လီကျီပါ့ဘူတာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင် တရုတ်နိုင်ငံသားများနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များက ၁၉ ထပ်အဆောက်အအုံတစ်ခုကို ဖြတ်သန်းသွားသည့် တစ်လမ်းပြေးရထားတစ်စင်းကို မိမိတို့က “စားလိုက်” သည့်ဟန်ပန်ဖြင့် ဗီဒီယိုရိုက်ကူးကြခြင်း ဖြစ်သည်။ (Xinhua)

------------------------------------------

(English Version)

Chongqing drone show takes viral train-eating trend to the sky

Chongqing's No. 1 Must-Eat isn't food. It's a metro train! Recently, a drone show in Chongqing took the viral "train-eating" trend to the sky.

The trend began at Liziba Station, where Chinese and international tourists film themselves pretending to "eat" a monorail train as it passes through a nearby 19-story building.